မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Tuesday, May 3, 2016



  မြန်မာနိုင်ငံတွင် Internet သုံးစွဲသူအရေအတွက် 

များပြားလာပြီး Facebook မှာ အင်တာနက် 

အသုံးပြုရခြင်း၏ အဓိကအကြောင်းရင်း

တစ်ခုဖြစ်လာသည်။ အူရီဒူးမြန်မာသည်

စတင်လုပ်ငန်း ဆောင်ရွက်ချိန်မှစ၍ သုံးစွဲ

သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် 

ကမ်းလှမ်းချက်များ၊ အစီအစဉ် များအမြဲ

ဆန်းသစ်တီထွင် ဖန်တီးပေးလျက်ရှိပြီး

စိတ်လှုပ်ရှားဖွယ် အစီအစဉ်ကိုထပ်မံဖန်တီး

ပေးလိုက် ပြီ ဟုသိရသည်။ ယင်းမှာ အူရီဒူး

သုံးစွဲသူများ အနေဖြင့် ပိုမိုချိုသာသော ဈေးနှုန်းဖြင့်

အကန့်အသတ် မရှိ စိတ်ကြိုက် Facebook  

အသုံးပြုနိုင်မည့် အစီအစဉ်တစ်ရပ်ကို

စာရင်းသွင်းခပေးစရာမလိုဘဲ ရရှိနိုင်တော့မည်

ဖြစ်သည်။အူရီဒူး၏ Facebook စိတ်ကြိုက်သုံး

အစီအစဉ်အား အူရီဒူးသုံးစွဲသူမိဘပြည်သူများ

အနေဖြင့် အခမဲ့စာရင်းသွင်းကာ 1 MB လျှင် 

၃ ကျပ်နှုန်းဖြင့် အကန့်အသတ်မရှိ Facebook 

သုံးစွဲနိုင်မည် ဖြစ်ကာ အသုံးပြုလိုသူများအနေဖြင့်

*4444# သို့ ဖုန်းခေါ်ဆိုရမည်ဖြစ်သည်။ 

 ယခုအစီအစဉ်မှာ သုံးစွဲမှုပမာဏကို ကန့်သတ်

ထားခြင်းမရှိဘဲ အထူးနှုန်းဖြစ်သော 3 Kyats / MB

ဖြင့် Messenger ဖြင့်လည်းကောင်း၊ Voice Calls ၊ 

Video Calls များဖြင့်လည်းကောင်း ဆက်သွယ်

ပြောဆိုမှုများ ပြုလုပ်နိုင်ခြင်း၊ စိတ်ကြိုက် status 

တင်ခြင်း၊ ဓာတ်ပုံတင်ခြင်းများ ပြုလုပ်နိုင်ခြင်း၊ 

Facebook မိတ်ဆွေများမှ ဝေမျှထားသည့်

ဗီဒီယိုများအား ကြည့်ရှုခြင်း တို့ကို ဆောင်

ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ အစီအစဉ်အား 

၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၉) ရက်တွင် စတင်

အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ပထမဆုံးအကြိမ်စာရင်း

သွင်းခြင်းကို အခမဲ့ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အဆိုပါ Facebook စိတ်ကြိုက်သုံး အထူး

အစီအစဉ်ကို အသုံးပြုမည်ဆိုပါက အခြားအော်ပရေတာများသို့ ဖုန်း ခေါ်ဆိုခမှာ 

တစ်မိနစ်လျှင် (၃၅) ကျပ် ကျသင့်မည်ဖြစ်သည်။

စာရင်းသွင်းခြင်းကို ပယ်ဖျက်လိုပါက *4445# 

ကို ခေါ်ဆို၍ လွယ်ကူစွာပယ်ဖျက်နိုင်မည် 

ဟုလည်းသိရသည်။အူရီဒူးမြန်မာ၏

Chief Marketing Officer ဖြစ်သူ Charity Safford က

“ Facebook ဟာ မြန်မာပြည်သူလူထုအတွက် 

ပိုမိုကောင်းမွန်စွာ ဆက်သွယ်ဖို့ရာနဲ့ ကမ္ဘာ့

အနှံအပြားမှ သတင်းအချက် အလက်တွေကို

စဉ်ဆက်မပြတ်စူးစမ်း ရှာဖွေနေဖို့ရာအတွက် 

အဓိကလူမှုကွန်ယက်ကြီးတစ်ခု ဖြစ်တယ် လို့ 

ကျွန်မတို့ယုံကြည်ပါတယ်။  ဒါ့ကြောင့် 

အူရီဒူးသုံးစွဲသူမိဘပြည်သူများ Facebook

ကိုဈေးနှုန်းချိုသာစွာနဲ့ အကန့်အသတ်မရှိ

အသုံးပြုနိုင်မယ့် Facebook စိတ်ကြိုက်သုံး 

အထူးအစီအစဉ် ကို ဖန်တီးပေးလိုက်နိုင်လို့

ဝမ်းသာပါတယ် “ ဟု ပြောကြားခဲ့သည်။

  အူရီဒူး၏ Facebook စိတ်ကြိုက်သုံးအစီအစဉ်နှင့်

ပတ်သက်၍ အသေးစိပ် သိရှိလိုပါက 

Ooredoo Myanmar Facebook Page တွင် 

ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


                                     ကောင်းမြတ်ရာ



အောင်မြင့်မြတ်(Myanmar Youths)