မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Friday, April 29, 2016

တခါတလေ SD card တွေကို ဒီတိုင်းကြည့်တာ လွယ်ကူတာတွေလည်း ရှိပါတယ်။ များသောအားဖြင့်တော့ SD ကဒ် အတုတွေမှာ မပြည့်စုံပဲ လိုအပ်နေတာတွေ ရှိကြပါတယ်။ ဒါပေမယ့် ယခုခေတ်မှာတော့ ဒီ SD ကဒ်အတု ထုတ်လုပ်သူတွေဟာ ပိုမိုပါးနပ်မှု ရှိလာတာကြောင့် ပြောဖို့ ခက်ခဲနိုင်ပါတယ်။ ကံကောင်းတယ်လို့ ဆိုရမလား အဲဒီလို SD ကဒ်အတုတွေ ရှာဖွေဖော်ထုတ်နိုင်ဖို့ လွယ်ကူစွာအသုံးပြုနိုင်တဲ့ application နှစ်ခုရှိပါတယ်။

(၁) SD Card Insight (An android app)

(၂) H2Testw (A free PC tool) တို့ဖြစ်ပါတယ်။

နည်းလမ်း (၁) - SD Card Insight

SD card insight ဟာ SD ကဒ်ထဲဝင်ကြည့်ရှုနိုင်တဲ့ မိုဘိုင်းလ် app တစ်ခုဖြစ်ပါတယ်။ ထုတ်လုပ်သူ ကုမ္ပဏီရဲ့ အသေးစိတ်အချက်အလက်တွေ၊ SD ကဒ်ရဲ့ မူလအရွယ်အစားပမာဏကို ချက်ချင်း ဖော်ပြပေးပါတယ်။ သင်လုပ်ဆောင်ရမှာက SD ကဒ် ကို မိမိဖုန်းထဲထည့်သွင်းပါက ယင်းထုတ်လုပ်သူ ကုမ္ပဏီနာမည်၊ ထုတ်လုပ်သည့်နေ့စွဲ၊ ထုတ်ကုန်အမည်၊ အမှတ်စဉ် စတဲ့ ယင်းပစ္စည်းနဲ့ပတ်သက်ပြီး အရေးကြီး အချက်အလက်များကို ဖော်ပြပေးပါတယ်။

ယင်း app မှ အနည်းဆုံးဒေတာ ကူးပြောင်းနှုန်းနဲ့ ဆက်နွယ်တဲ့ SD ကဒ် အထောက်အထားများကိုလည်း ကြည့်ရှုနိုင်ပါတယ်။ SD card insight ကို Google Play Store သို့မဟုတ် Alternative Mirror Link မှာ download ရယူနိုင်ပါတယ်။

နည်းလမ်း  (၂) – H2testw

H2testw မှာ SD ကဒ်များသာမက USB drive တွေကိုပါ အတုဟုတ်မဟုတ် သိရှိနိုင်ဖို့ အသုံးပြုနိုင်တဲ့ အခမဲ့ pc tool တစ်ခုဖြစ်ပါတယ်။ မိမိ USB flash drive ချွတ်ယွင်းမှုများကို စစ်ဆေးနိုင်တယ်။ PC ပိုင်ဆိုင်ထားသူများ မရှိမဖြစ်လိုအပ်တဲ့ Tool လေး ဖြစ်ပါတယ်။

ဒီ Tool နှစ်ခုရဲ့ကျေးဇူးကြောင့် SD ကဒ်အတုရောင်းချသူများရဲ့ လိမ့်လည်လှည့်ဖြားမှု မခံရမှာပဲဖြစ်ပါတယ်။ 

Credit – Trend Myanmar



အောင်မြင့်မြတ်(Myanmar Youths)