ကျွန်တော်တို့ Smart Phone အသုံးပြုနေ ကြတဲ့ လူတွေ ထဲမှာ ရံဖန်ရံခါ Memory Space မလုံလောက်တဲ့ ပြဿနာ နဲ့ ရင်ဆိုင်ကြ ရပါတယ်။ ဖုန်းရဲ့ Built in Memory Space ကလည်း အတော် အသင့်အသုံးပြု နိုင်တယ်။ ဒ့ါအပြင် ဖုန်းမှာ Memory အသုံးပြုမှု များစေမဲ့ Application နဲ့ Data တွေကို အသုံးပြု မထားဘူး။ ဒါပေမဲ့ Memory Space က မလောက်တော့ပဲ Space လိုနေတယ်ပဲ ပြနေတယ် ဆိုရင် သင့်အတွက် စိတ်ညစ် စရာတွေဖြစ် လာပါတယ်။
အလွယ်တကူ Memory SD Card ကို ထပ်တိုး လိုက်မယ် ဆိုရင်တော့ အဆင်ပြေပေမဲ့ အချို့ အကြောင်း အမျိုးမျိုးကြောင့် Memory SD Card ထပ်တိုးရန် အခက်အခဲ ဖြစ်နေကြတဲ့ လူတွေ အတွက် နည်းလမ်း အချို့ကို ဖော်ပြပေး လိုက်ပါတယ်။
ကိုယ် install လုပ်ထားတဲ့ Application တွေကို အသုံးမပြုဖြစ်ဘူး ဆိုပေမဲ့လည်း Application ရဲ့ Cache တွေက ဖုန်းရဲ့ Memory Space ကို နေရာ ယူထား ပါတယ်။ ဒါတွေကို စစ်ဖို့ အတွက် Android ရဲ့ Setting ထဲမှာ ပါဝင်တဲ့ Storage ထဲမှာ အကြမ်းဖျဉ်း သွားရောက် စစ်ဆေးနိုင်ပါတယ်။
ဒါ့အပြင်DiskUsage(https://play.google.com/store/apps/details?id=com.google.android.diskusage) လို့ခေါ်တဲ့ Application နဲ့လည်း စစ်ဆေးနိုင် ပါတယ်။ စစ်ဆေးပြီးတဲ့ အခါ ရလာတဲ့ အဖြေပေါ်မှာ မူတည်ပြီး ဘယ်အရာက Memory ပိုစားနေလဲ ဆိုတာကို ကြည့်ရှုပြီး ဖြတ်သင့် ပါတယ်။ မိမိ Install လုပ်ထားတဲ့ Application တွေက Memory Space အတွက် နေရာယူမှု များနေတယ် ဆိုရင် တော့ Application ရဲ့ Cache ကို ရှင်းလင်း သင့်ပါတယ်။ Application ရဲ့ Cache ကို ရှင်းလင်းဖို့ အတွက်တော့ Setting ထဲက Application Manager ထဲမှာ သွားရောက် ရှင်းလင်းနိုင် ပါတယ်။နောက်တစ်ခုကတော့ ဓါတ်ပုံ ၊ ဗီဒီယိုနဲ့ အချို့ Data တွေကို cloud storage ကိုအသုံးပြု သိမ်းထားပါ။ အခုနောက်ပိုင်းမှာ Cloud Storage တွေ အလကားပေးထားတဲ့ IT Company တွေ အများကြီး ရှိပါတယ်။ ဓါတ်ပုံတွေကို Cloud ပေါ်တင်ဖို့ အတွက် မကြာသေးမှီ ကမှ ကြေငြာခဲ့တဲ့ Google Photo နဲ့ အခြား Data တွေကို Cloud ပေါ် တင်ထားနိုင်တဲ့ Dropbox, OneDrive နဲ့ Google Drive စတဲ့ Application တို့ကို အသုံးပြုနိုင် ပါတယ်။ မိမိဖုန်းရဲ့ Memory Space ကို ဂရုစိုက် တတ်တဲ့ မိတ်ဆွေတို့ အနေနဲ့ အထက်ဖော်ပြပါ အချက်များဖြင့် ဖုန်းရဲ့ Memory space ပြဿ နာကို ဖြေရှင်းနိုင်ပါတယ်။
Credit – myanmarmobileapp
အောင်မြင့်မြတ်(Myanmar Youths)