မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Monday, March 14, 2016

Sony Xperia Z3+



Price » 565,000 Ks

Contact Phone » 01-371923 ( AMT Mobile )


Specification

» Network : GSM/HSPA/LTE (Nano-SIM) 

» Weight : 144 g

 » Display : 5.2", IPS LCD capacitive touchscreen

 » Dimensions : 5.75 x 2.83 x 0.27 inch 

» Memory : 32GB, 3GB RAM, micro SD, up to 128GB 

» Camera : 20.7 Megapixel, Front : 5.1 Megapixel,  autofocus, LED flash, 1/2.3 sensor size, geo-tagging,   face detection, touch focus, HDR, panorama

 » Connectivity : GPRS, EDGE, WLAN, Bluetooth, USB

 » Chipset : Qulcomm MSM8994 Snapdragon 810  GPU : Adreno 430 

» OS : Android OS, v5.0 (Lollipop), upgrade to v6.0

Sony ရဲ့ ၆ လတစ်ကြိမ် flagship ဖုန်းတွေ ထုတ်လုပ်တတ်တဲ့ အလေ့အထရှိတာကြောင့် Z3+ ကိုလည်း Z3 ပြီးနောက် အချိန်အနည်းငယ်ယူပြီး မနှစ်ကစက်တင်ဘာလောက်က ထုတ်လုပ်ပေးခဲ့ပါတယ်။ Sony Xperia Z3+ ဟာဆိုရင် ပိုမိုပါးလွှာပေါ့ပါးနေပြီး Qualcomm Snapdragon 810 processor နဲ့ Wide-angle front ကင်မရာတို့ ထည့်သွင်းထားတာကြောင့် Samsung Galaxy S6, LG G4 စတဲ့ အခြား top-end စမတ်ဖုန်းတွေနဲ့ ယှဉ်နိုင်တဲ့အရည်အချင်း လုံလုံလောက်လောက် ရှိပါတယ်။ Original Xperia Z တွေ ထွက်ရှိ လာကတည်းက Sony ဟာ တဖြည်းဖြည်းနဲ့ နောက်ပိုင်းမျိုးဆက်တွေကို နည်းပညာပိုင်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

Xperia Z3+ ကို စစချင်း ကြည့်လိုက်ရင်တော့ အရင်ထွက်ရှိခဲ့ပြီးသား Z3 နဲ့ ခွဲခြားလို့မရအောင် တူညီနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ Z3 ထက်တော့ ပိုမိုပါးလွှာပြီး အလေးချိန်လည်း လျော့နည်း လာပါတယ်။ ဖုန်းရဲ့ အပေါ်ယံအပြင်အဆင်တွေကတော့ ရိုးရိုးရှင်းရှင်းနဲ့ ရှာဖွေရလွယ်ကူပြီး ခလုတ်နဲ့ အပေါက်တွေကိုလည်း ပုံမှန်နေရာတွေမှာပဲ မပြောင်းလဲဘဲ တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဓာတ်ပုံ ရိုက်ကူးတဲ့အခါ လွယ်ကူစေဖို့ သီးသန့်ကင်မရာခလုတ် တပ်ဆင်ပေးထားတာက Sony ရဲ့ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။

Xperia Z3+ မှာလည်း Sony ရဲ့ အထင်ကရဒီဇိုင်းနဲ့ build quality ကောင်းမွန်မှုတို့ကို မြင်တွေ့နိုင်ပါတယ်။ အနည်းငယ်သာကွေးပေးထားတဲ့ ဘေးထောင့်တွေနဲ့ လေးထောင့်ဆန်ဆန်ဒီဇိုင်း တို့ကြောင့် Z3+ ဟာ ကျစ်လျစ်နေပြီး 5.75 x 2.83 x 0.27 လက်မ အရွယ်အစား ရှိပါတယ်။ Screen ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာရှိတဲ့ ပါးလွှာလွန်းတဲ့ဘေးဘောင်တွေဟာ Z3+ ကို သက်သောင့်သက်သာ ကိုင်သုံးနိုင်အောင် ပြုလုပ်ပေးတဲ့အပြင် လက်တစ်ဖက်တည်းနဲ့တင် အဆင်ပြေပြေ သုံးလို့ရပါတယ်။

Z3 အတိုင်းပဲ Xperia Z3+ မှာ ဖန်သားပြင်ကို သတ္တုနဲ့ဝန်းရံထားတဲ့ ဒီဇိုင်းကို ဆက်လက်သုံးထားပြီး တန်ဖိုးမြင့်ဖုန်းတစ်လုံးဆိုတာ သိသာစေပါတယ်။ Z3+ ဟာလည်း Sony ရဲ့ Z series တွေအတိုင်း waterproofing feature ပါဝင်ပြီး micro USB အပေါက်ကို ဖုံးပေးထားတဲ့ flap လေး မပါဝင်တော့တာမို့ အလုပ်ရှုပ်သက်သာပါတယ်။ Sony Xperia Z3+ ဟာ white, black, copper နဲ့ aqua green အရောင် (၄) မျိုး ရွေးချယ်နိုင်ပြီး Nano-SIM အမျိုးအစား စမတ်ဖုန်း ဖြစ်ပါတယ်။

Z3+ မှာ IP68 rating ရှိပြီး dust proof နဲ့ waterproof ကို ရေအနက် ၁.၅ မီတာမှာ မိနစ် ၃ဝ ကြာခံနိုင်ရည်ရှိပါတယ်။ Top-end ဖုန်းတွေမှာတွေ့ရတဲ့ feature တွေလည်း ပါဝင်နေပြီး NFC နဲ့ 4G Network တို့ကို ပံ့ပိုးနိုင်ပါတယ်။ Xperia Z3+ မှာ Hi-Res Audio ကို support လုပ်နိုင်အောင် ထည့်သွင်းထားပြီး Accelerometer, Gyro, Proximity, Compass, Barometer sensors တွေ သုံးနိုင်ပါတယ်။ Z3 အတိုင်း ၅.၂ လက်မအရွယ် IPS Screen ကို ဆက်လက်အသုံးပြုထားပြီး pixel သိပ်သည်းဆ 428ppi ပါဝင်ပါတယ်။ ရုပ်ထွက်အရည်အသွေးဟာ 1080 x 1920 pixels full HD ကို ပေးစွမ်းနိုင်ပြီး Scratch-resistant glass နဲ့ ဖုံးအုပ်ထားပါတယ်။

Sony Xperia Z3+ မှာ Android OS 5.0 (Lollipop) ထည့်သွင်းထားပြီး 6.0 (Marshmallow) ထိ မြှင့်တင်နိုင်ပါတယ်။ Octa-core Qualcomm Snapdragon 810 processor နဲ့ စွမ်းဆောင်ရည်အတွက် အမြန်ဆန်ဆုံး ဆောင်ရွက်ပေးပြီး 2GHz မြန်နှုန်းရှိပါတယ်။ ဂရပ်ဖစ်ဟာ Adreno 430 ပါဝင်ပြီး RAM 3GB နဲ့ပါ တွဲဖက်ထားပါတယ်။ Multi-tasking တွေမှာ ချောမွေ့နေပြီး ဂိမ်းရဲ့လုပ်ဆောင်ချက်တွေ အတော်လေး ကောင်းမွန်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ကို ထည့်သွင်းထားပြီး microSD နဲ့ 128GB ထိ မြှင့်တင်နိုင်ပါတယ်။ Sony ဟာ Z3+ အတွက်လည်း 20.7MP အရည်အသွေးရှိ ကျောဘက်ကင်မရာကို Exmor RS sensor နဲ့ တွဲဖက်ပြီး သုံးစွဲပေးထားပါတယ်။ LED flash ပါဝင်ပြီး Software-based image stabilization ဖြစ်တဲ့ Steady Shot ကလည်း ကောင်းကောင်းအလုပ်လုပ်ပေးပါတယ်။ 4K ဗီဒီယို ရိုက်ကူးနိုင်တာမို့ နှစ်သက်စရာကောင်းပြီး ရှေ့ဘက်မှာ 5.1MP ကင်မရာကို တွေ့ရပါတယ်။


Battery Life

Xperia Z3+ ကို ကြီးမားတဲ့ Li-Ion 2930mAh ဘက်ထရီနဲ့ ထုတ်ပိုးထားပြီး သုံးစွဲမှုများလွန်းရင်တော့ တစ်နေ့တာအတွက် ခံနိုင်ရည်ကိုတော့ နည်းနည်းစိုးရိမ်စရာ ရှိပါတယ်။ Battery Saving features တွေလည်း ပါဝင်ပြီး Quick Charge 2.0 နည်းပညာကို အသုံးပြုထားပါတယ်။


Design

Sony ဟာ Xperia Z3+ မှာ ဒီဇိုင်းကွဲလွဲသွားအောင် ဖန်တီးပေးထားတာ မတွေ့ရဘဲ ဖန်သားနဲ့ သတ္တုပေါင်းစပ်ထားတဲ့ဒီဇိုင်းမို့ သေသပ်လှပပါတယ်။ အရင် Z3 ထက် Z3+ ဟာ 6.9mm အထူနဲ့ ပိုမိုပါးလွှာလာ ပြီး 144 g အလေးချိန်သာ ရှိပါတယ်။


Processor

Qualcomm Snapdragon 810 chipset ကို ကောင်းမွန်အောင် ထည့်သွင်းပေးထားပြီး octa-core processor နဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ RAM 3GB ဟာ လုံလောက်တဲ့ပမာဏဖြစ်ပြီး ဂရပ်ဖစ်ကတော့ Adreno 430 ပါဝင်ပါတယ်။


Display and Camera

IPS LCD အမျိုးအစား Display ကို မြင်တွေ့နိုင်ပြီး ၅.၂ လက်မအရွယ်ဟာ အသင့်တော်ဆုံး အနေအထားဖြစ်ပါတယ်။ Resolution 1080 x 1920 pixels full HD ကို ရရှိမှာဖြစ်ပြီး Triluminos display ကို အသုံးပြုထားပါတယ်။ Z3+ ရဲ့ အဓိကကင်မရာဟာ 20.7MP ဖြစ်ပြီး f/2.0 lens ကို တပ်ဆင်ထားပါတယ်။ 4K ဗီဒီယို 30fps နဲ့ ရိုက်ကူးနိုင်ပြီး ရှေ့ဘက်ကင်မရာဟာ 5.1MP ဖြစ်ပါတယ်။


Verdict

Sony က ထုတ်လုပ်ပေးလိုက်တဲ့ Z-series flagships တွေအတွက် အတော်လေး အားရကျေနပ်မိ ပါတယ်။ ကင်မရာရဲ့လုပ်ဆောင်ချက် ပြောင်မြောက်မှုတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းတို့ကို Z3+ မှာ မြင်တွေ့ရမှာပါ။ ပါးလွှာတဲ့ကိုယ်ထည်ကြောင့် ဖုန်းအပူရှိန် မြင့်လာတဲ့အချက်တွေကလွဲရင် ပြီးပြည့်စုံတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်
credit-netguide journal


အောင်မြင့်မြတ်(Myanmar Youths)