မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Monday, March 14, 2016



ZOPO မှ Speed 8 ကို MWC 2016 တွင်မိတ်ဆက်ခဲ့ပြီး ထူးခြားချက်မှာ ကမ္ဘာတွင် ပထမဆုံး deca-core စမတ်ဖုန်းဖြစ်သည်။ Speed 8 အား Moto GP ကမ္ဘာ့ချန်ပီယံ Jorge Lorenzo မှ ပြသပေးသွားခဲ့ပြီး Speed 8 တွင် MediaTek  ၏ Helio x 20 SoC ကို သုံးထားခဲ့သည်။ ထို့ကြောင့် Speed 8 သည် ကမ္ဘာ့ပထမဆုံး deca-core mobile chip အား အသုံးပြုသည့် ဖုန်းဖြစ်လာခဲ့သည်။ MediaTek ၏ Helio X20 သည် mobile chip များတွင် ပထမဆုံးစတင်တွေ့ရသည်။ deca-core chip ဖြစ်ခဲ့သည်။ ZOPO Speed 8 သည် Helio x 20 SoC အပြင် အခြား specs များ၌လည်းမြင့်မားခဲ့ပြီး ၅.၅ လက်မ full HD 1080p display ပါဝင်ခဲ့သည်။ မြင့်မားသော processor အတွက် လိုက်ဖက်ညီစေရန် 4GB RAM ဖြင့် ထောက်ပံ့မှုပေးထားသည်။ Storage 32GB ပါဝင်ပြီး ဖုန်းအတွက် လုံလုံလောက်လောက်သုံးစွဲနိုင်စေမည့် 3600mAh ဘက်ထရီအား သုံးစွဲပေးထားကြောင်း တွေ့ရ သည်။ အဓိက ကင်မရာမှာ 21MP ဖြစ်ပြီး Sony IMX 230 sensor ပါဝင်ကာ dual-tone LED Flash တပ်ဆင်ထားပြီး ရှေ့ဘက်တွင် 8MP ကင်မရာအားတွေ့နိုင်သည်။ ကျောဘက်တွင် Fingerprint scanner ပါဝင်ပြီး USB- Type C အားသုံးစွဲထားသည်။ ZOPO speed 8 သည် Dual-SIM ဖုန်းဖြစ်ပြီး 4G LTE connectivity ပါဝင်ကာ Android 6.0 Marshmallow အား သုံးစွဲထားသည်။
credit-nerguide journal



အောင်မြင့်မြတ်(Myanmar Youths)