မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Monday, March 14, 2016

အိန္ဒိယအခြေစိုက်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Intex ဟာ တန်ဖိုးနည်းစမတ်ဖုန်းအသစ် Aqua Twist ကို စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

တန်ဖိုးအားဖြင့်၊ ရူပီး ၅၁၉၉၊ မြန်မာငွေ ကျပ်ကိုးသောင်းကျော်သာ ရှိပြီး၊ အိန္ဒိယပြည်သူတိုင်း ၀ယ်ကိုင်နိုင်မယ့် အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Intex Aqua Twist စမတ်ဖုန်းရဲ့ ထူးခြားချက်ကတော့ 5-megapixel အရှေ့အနောက်လှည့်လို့ရတဲ့ ကင်မရာ ပါဝင်လာတာဖြစ်ပြီး၊ ကျောကင်မရာအနေနဲ့ကော၊ ရှေ့ကင်မရာအနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံတွင်းမှာပဲ ရောင်းချသွားမှာဖြစ်ပြီး၊ အာရှဈေးကွက်အတွင်း တင်ပို့ဖို့ရှိလားဆိုတာကိုတော့ မသိရသေးပါဘူး။

SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ Android 5.1 Lollipop စနစ်၊ ၅လက်မအရွယ် (480x854pixels) မျက်နှာပြင်၊ 1.3 GHz quad-core MediaTek MT6580 ပရိုဆက်ဆာတို့ ပါဝင်ပါတယ်။ RAM ကတော့ 1GB ရှိကာ၊ ဖုန်းတွင်းမမ်မိုရီ 8 GB ပါရှိပြီး၊ microSD ကတ် 32 GB အထိ ထပ်စိုက်နိုင်ပါတယ်။

3G ကွန်ရက်မှာပဲ အသုံးပြုနိုင်တဲ့ဖုန်းဖြစ်ပြီး၊ ဘက်ထရီက 2200mAh အထိ သိုလှောင်နိုင်ပါတယ်။ ဖုန်းချည်းပဲ ပြောမယ်ဆို ၁၈ နာရီအထိ ပြောနိုင်ပြီး၊ မသုံးဘဲဖွင့်ထားမယ်ဆိုရင် ၂၇၅ နာရီတိတိ ထားနိုင်တယ်လို့ သိရပါတယ်။

ဒီလို ရှေ့နောက်လှည့်နိုင်တဲ့ကင်မရာမျိုးကို အရင်က Oppo N စီးရီးစမတ်ဖုန်းတွေနဲ့၊ iBall ဖုန်းတွေမှာ တွေ့မြင်ခဲ့ကြရဖူးပြီး၊ လူစိတ်ဝင်စားမှုတော်တော်ရရှိခဲ့တဲ့ ဖုန်းကင်မရာမျိုးဖြစ်ပါတယ်။

Credit – Digital Time





အောင်မြင့်မြတ်(Myanmar Youths)