မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Monday, March 14, 2016

ကိုယ်သေသွားပြီးရင် ကိုယ့်အွန်လိုင်းအကောင့်တွေကို တစ်ယောက်ယောက်က ဆက်အသုံးပြုနေတာမျိုးကို ဘယ်သူမှ လိုချင်ကြမှာ မဟုတ်ပါဘူး။ သင်လည်း ဒီလိုမဖြစ်စေချင်ဘူးဆိုရင် သင့်ရဲ့ အွန်လိုင်းအကောင့်တွေနဲ့ လူမှုကွန်ရက်အကောင့်တွေကို သင်သေသွားရင် မကျန်ခဲ့စေဖို့ အစီအစဉ်တချို့ လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။

သင်မသေခင်မှာ အကောင့်ကို အချိန်ကိုက် ဖျက်ဖို့ရာ set up လုပ်ခွင့်ကို Google နဲ့ Facebook လိုမျိုး တချို့ဝန်ဆောင်မှုတွေက သင့်ကိုခွင့်ပြုထားပါတယ်။ တခြားဝန်ဆောင်မှုတွေကတော့ သင့်ရဲ့မိသားစုဝင်တစ်ယောက်က အကောင့်တွေ ဖျက်ဖို့ မတောင်းဆိုခဲ့ဘူးဆိုရင် သင့်အကောင့်ကို ဒီအတိုင်း ထာဝရဆက်ထားသွားမှာပါ။

သင့်ရဲ့ Google အကောင့်ကို အချိန်ကာလ ဘယ်လောက်ထိ မသုံးဖြစ်ဘူးဆိုရင် ဘာဖြစ်စေမယ်ဆိုတာကို Google ရဲ့ Inactive Account Manager က ရွေးချယ်ခွင့်ပေးထားပါတယ်။ သင့် Google အကောင့်ကို ဖျက်စီးဖို့ set up လုပ်ထားခဲ့မယ်ဆိုရင် Google နဲ့ ဆက်စပ်တဲ့ Gmail, Blogger, AdSense နဲ့ YouTube စတာတွေပါ လိုက်ပျက်စေမှာပါ။

google.com/settings/account/inactive ကိုသွားပါ။ Alert ထားဖို့အတွက် ဖုန်းနံပါတ်တစ်ခု ပေးဖို့ လိုပါတယ်။ သတ်မှတ်ထားတဲ့ Account သက်တမ်းမကုန်ခင်မှာ သင့်ဖုန်းနံပါတ်ကို Google က မက်ဆေ့ဂ်ျ ပို့ပါလိမ့်မယ်။ Inactive ဖြစ်လုနီးပါးဖြစ်နေပြီဆိုတဲ့ အကြောင်းကိုပေါ့။ အကောင့်သက်တမ်း (Timeout period) ကို ၃လ၊ ၆လ၊ ၉လ၊ ၁နှစ်၊ ၁၅လ၊ ၁၈လ စသဖြင့် ရွေးချယ်ထားနိုင်ပါတယ်။

ပြီးရင်တော့ Optionally delete account အောက်မှာ Delete my account ကို ဖွင့်ထားလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ Google နဲ့ ပတ်သက်တဲ့ အကောင့်တွေ အားလုံးကို ဖျက်ပေးမှာပါ။

Credit – Digital Time





အောင်မြင့်မြတ်(Myanmar Youths)