မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Saturday, February 13, 2016

CSSဆိုတာ ဘာလည်း???
CSSဆိုတာ Cascading Style Sheetsရဲ့ အတိုကောက်ဖြစ်ပါတယ်။Web pageတွေရေးရာမှာ အသုံးဝင်တဲ့ languageတစ်မျိုးဆိုလည်း မမှားပါဘူး။HTMLအခြေခံရှိရင်တော့ CSSကို ပိုနားလည်လွယ်ပါတယ်။ပထမဆုံးပေါ်တဲ့languageကတော့ HTMLပေါ့။HTMLက ရေးရတာ အင်မတန်ရှည်တယ်။propertyတစ်ခုလိုချင်တိုင်း tagတစ်ခုကို ထပ်ထည့်ရတယ်။ဒါပေမဲ့ CSSကတော့ အဲ့ဒီပြသာနာကို ဖြေရှင်းပေးပါတယ်။သူက styleဆိုတဲ့ tagထဲမှာ propertyတွေအကုန်လုံးကို ထည့်ပြီး ရေးရတာဖြစ်ပါတယ်။
<DOCTYPE html>
<html>
<head>
<style>
</style>
</head>
<body>
</body>
</html>
ဒါက CSS languageရဲ့ ပုံစံပါ။

၁။<DOCTYPE html>
အကြောင်း စပြောရအောင်။<>ကို tagလို့ ခေါ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သူက ချိတ်ဆက်ပေးလို့ပါ။<>ဒါ အဖွင့်tagလို့ ခေါ်ပါတယ်။</>ဒါက အပိတ်tag။ဆိုလိုတာကဗျာ <a>နဲ့ဖွင့်ထားရင် </a>နဲ့ ပြန်ပိတ်ပေးရပါမယ်။<DOCTYPE HTML>ဆိုတာက htmlဆိုတဲ့ ဖိုင်ကိုဖွင့်မဲ့ Browserကို လှမ်းခေါ်လိုက်တာပါ။တစ်နည်း ဒီလိုရေးပေးလိုက်ခြင်းအားဖြင့် ဒီဖိုင်ဟာ DOCအမျိုးအစားဆိုတာကို Browserက နားလည်ပါ့်မယ်။

၂။<html>
ဒါကတော့ ကျတော်တို့ရေးတဲ့ languageအမျိုးအစားဟာ HTMLဖြစ်လို့ သူကို စရေးပေးရတာပါ။ကျတော်တို့ရေးချင်တဲ့ tagတွေအကုန်လုံးဟာ <html>နဲ့ </html>ကြားပဲ ရှိနေရမှာပါ။အပေါ်က ကျတော်ရေးပြထားတဲ့ CSSနမူနာပုံစံကို လေ့လာကြည့်ပါ။

၃။<head>
ဒါကတော ခေါင်းကြီးပိုင်းလို့ အဓိပ္ပါယ်ရပါတယ်။HTMLထုံစံအတိုင်းပဲ <head>နဲ့စပြီး </head>နဲ့ ပိတ်ပေးရမှာပါ။ပိတ်မပေးရင် codeက အလုပ်မလုပ်ပါဘူး။အပေါ်ကcodeထဲမှာ <head>နဲ့</head>ကြားမှာ <style>ထည့်ထားပါတယ်။ဒါက CSSရဲ့ ထုံးစံပါ။CSS languageတိုင်း ဒီလိုပဲ ရေးပေးရပါမယ်။ကဲ ဒါဆို styleက ဘာပြောတာလဲ။

၎။<style>
styleဆိုတာကတော့ CSSရဲ့ အသက်ပေါ့။ကျတော်တို့လိုချင်တဲ့ ပုံစံအကုန်လုံးကို <style>ဆိုတဲ့ tagထဲမှာ ရေးရမှာပါ။<style>tagတစ်ခုလုံးကိုတော့ <head>tagထဲမှာပဲ ထားရပါမယ်။သဘောပေါက်တယ်နော့်ဟဲဟဲ။

၅။<body>
bodyဆိုတာကတော့ စာကိုယ်ပေါ့ဗျာ။screenပေါ်မှာ ကျတော်တို့ပေါ်စေချင်တာကို ဒီမှာရေးရမှာပေါ့။</body>ကိုတော့ ထပ်မရှင်းတော့ဘူးနော်။နားလည်တယ်နော်။

(ကဲ။ဒီသဘောတရားကို နားလည်ရင်တော့ သင် CSSရေးတတ်သွားပါပြီ)
တကယ်တော့ ဒီနည်းပညာနယ်ပယ်ကြီးဟာ အဆုံးမရှိပါဘူး။