မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Friday, February 12, 2016

အပိုင်း(၁)
3D ဆိုတာ ဘာမှန်းမသိတဲ့သူတွေအတွက် ဒီ Software လေးနဲ့မိတ် ဆက်တင်ပြလိုက်ပါတယ်။ လေ့ကျင့်ခန်းတွေကိုလည်း အပတ်စဉ် ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။
3 Dဆိုတာ ဘာလဲ
ကျွန်တော်တို့ နည်းပညာကမ္ဘာကြီးမှာ ခေတ်ပြောင်းတော်လှန်ရေး တစ်ရပ်ကို 3 D တွေက တော်လှန်ခဲ့ပါတယ်။ 3 D တွေပေါ်ထွန်းလာမှုနှင့်အတူ ကျွန်တော်တို့ ယနေ့အသုံးပြုနေသော 3 D Video တွေ၊ 3 D Game တွေ ပေါ်ပေါက်လာပါတယ်။  နည်းပညာ သမားတွေဟာ ရွှေ/ငွေ စတဲ့အရာတွေကို စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာဖြစ်ပေမယ့် အသစ်အသစ်သော နည်းပညာတွေဖြစ်တဲ့ Software ပိုင်း၊ Hardware ပိုင်းတွေကိုတော့ လိုလားကြတဲ့ လူတွေချည်းပဲ ဖြစ်ပါတယ်။  အဲဒီလို အသစ်အသစ်ကို ကြိုက် နှစ်သက်တဲ့ စိန်ခေါ်မှု၊ခေတ်ရဲ့တောင်းဆိုမှုတွေ၊ အသုံးပြုသူတွေရဲ့ တွန်းအား ပေးမှုတွေကြောင့် Industry တွေကနေ အခုလို သိပ်ကောင်းတဲ့ 3 D ပညာရပ်ကို တွေ့ရှိခဲ့တာပါပဲ။ 3 D တွေပေါ်လာတော့ အဲဒီနည်းပညာနဲ့ ကိုက်ညီမယ့် တခြား PC Application (Computer Aided Design (CAD)) Program တွေပေါ်ပေါက်လာတဲ့အတွက် 3 D ဟာ Game ပညာရပ်တွေ အပြင် တခြားနည်းပညာတွေအတွက်ပါ အင်မတန် အသုံးဝင်ပါတယ်။
အဲဒီလိုအသုံးဝင်လှတဲ့  3 D Graphics တွေ ဘယ်ကစခဲ့သလဲ၊ ဘယ်လိုအလုပ်လုပ်ခဲ့သလဲဆိုလို့ရှိရင်………..

၁၉၉၀ ပြည့်နှစ်မတိုင်မီ အထိ ကွန်ပျူတာတွေမှာ 3D ဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။ဒါပေမယ့် ၁၉၉၀ အစောပိုင်းတွေကိုရောက်တဲ့အချိန်မှာ တော့ PC တွေမှာ 3 D Graphics Function ပါနေပြီလို့တော့ အတိအကျပြောလို့ရသလို မပါသေးဘူးလို့လည်း ပြောလို့ရတဲ့အခြေအနေ ကိုရောက်နေပါပြီ။ သို့သော် AutoCAD ၊ Intergraph တို့လို 3 D Application Design Software တွေမှာတော့ 3 D Graphic တွေပါပါတယ်။ အဲဒီ Software တွေဖြစ်တဲ့ 3 D Application တွေဟာ သူတို့ကို အသုံးချဖို့ အရေးကို ယနေ့လို Install တင်လိုက်ရုံနဲ့ ပြီးသွားပြီလို့တော့ မထင်လိုက်ပါနဲ့။ User တွေကို Full Version System ကြီးကို အရင်ဝယ်ခိုင်းပြီး License နဲ့ဖြစ်တော့မှ 3 D Graphic ထုတ်ပေးတာမျိုးနဲ့ အလုပ်လုပ်သွားတာဆိုတော့ သုံးရတာ အခက်အခဲရှိတယ်။ ဒါကြောင့်လည်း အဲဒီ System တွေ၊ အလုပ်ကောင်းကောင်းလုပ်ပေးပေမယ့် ဈေးကြီးတာ၊ အသုံးပြုရခက် ခဲတာတွေကြောင့် သူတို့ကို မရှိမဖြစ် လိုအပ်တဲ့ Design ကုမ္ပဏီတွေ၊ အစိုးရနဲ့ဆိုင်တဲ့ ကုမ္ပဏီတွေက လွဲရင် မသုံးကြဘူးလေ။
အဲဒီလို အခြေအနေတွေကြောင့်  3 D လောကရဲ့ ခေတ်ပြောင်းတော် လှန်ရေးကို ID Software လို့ခေါ်တဲ့ ကုမ္ပဏီသေးသေးလေး ကစတင်ခဲ့ပါတယ်။ တိတိကျကျ ပြောရရင် ၁၉၉၂ ခုနှစ်လောက်မှာပေါ့။ ID Software ကုမ္ပဏီကနေ Wolfenstein 3 D လို့ခေါ်တဲ့ Game အသစ်တစ်ခုကို ထွင်လိုက်တယ်လေ။ သမိုင်းတစ်လျှောက်မှာ ဒီလို Game မျိုးတစ်ခါမှ မပေါ်ခဲ့ဖူးသေးဘူးခဲ့တဲ့အတွက် ကမ္ဘာတစ်ဝှမ်းလုံး တုန်လှုပ် ခြောက်ခြားလောက်အောင်ကို အောင်မြင်ခဲ့ပါတယ်။ နောက်တစ်ချက်က ဒီ 3 D Game က Game မျိုးဆက်အသစ်တစ်ခုကို စတင်ပေးလိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ အရင်ထွက်ခဲ့ဘူးသမျှ Game လိုမဟုတ်ဘဲ Three Dimension နဲ့ နံရံတွေ၊ တံခါးတွေ၊ ပစ္စည်းပစ္စယတွေကလည်း ပါသေးတယ်။ နောက်ပြီးတော့ ကိုယ်မြင်ရတဲ့ လူဆိုးတွေကိုလည်း သေနတ်နဲ့ ပစ်လို့ရသေးတယ်လေ။ ပြောရရင်တော့ ဒီခေတ်မှာ ဆော့နေကြတဲ့ Counter လို Game မျိုးပါ။ ဒါပေမယ့် အဲဒီအချိန်နဲ့ကတော့ တကယ့်ကို အံ့ဩစရာကောင်းနေတာဆိုတော့ တောရောမြို့ပါပေါက်သွားပါတယ်။ အဲဒီခေတ်အနေနဲ့တော့ Wolfstein 3 D ဟာ PC Game လောကကို အခြေကနေ ကိုင်လှုပ်နိုင်ခဲ့တာပါပဲ။ အခုတော့ ဒီလို Game ကို First-Person Shooters (FPS) လို့ ခေါ်ကြပါတယ်။ Wolfenstein 3 D အပါအ၀င် အစောပိုင်း 3 D Game တွေမှာ 3 D ပုံတွေကိုဖန်တီးဖို့အတွက် Sprites လို့ခေါ်တဲ့ 3 D imager တွေကို အသုံးပြုခဲ့ရပါတယ်။
ဒါဆိုရင် Sprites ဆိုတာကကော ……….. Sprites ဆိုတာကပြောရရင် Bitmapped Graphic (BMP) File လိုပါပဲ။ အဲဒီအစောပိုင်း FPS Game တွေမှာဆိုရင် ဥပမာ- ကျွန်တော်တို့က လူတစ်ယောက်ကို ပစ်တော့မယ်ဆိုရင် အဲဒီ လူရဲ့တည်နေရာကို ကျွန်တော်တို့ကစားနေတဲ့ Player ဘက်ကနေပြီး ပြန်တွက်ချက်ပေးတယ်။ ပြီးတော့ကျမှ အဲဒီလူကို ကိုယ်စားပြုတဲ့ Sprit လေးကို နေရာချပေးလိုက်တာပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေက ဇာတ်ကောင်လေးတစ်ကောင်ကို အမျိုးမျိုးလှုပ်ရှား လို့ရအောင် သူ့လှုပ်ရှားတဲ့ အနေအထားနဲ့ Sprit အမျိုးမျိုးလုပ်ပေးထား ရပါတယ်။ ဒါကတော့ 3 D ရဲ့ ပထမဆုံးမျိုးဆက်အကြောင်းပါ။
ဒုတိယမျိုးဆက်မှာ ကျွန်တော်စောစောကပြောခဲ့တဲ့ Sprit တွေအစား ပိုမိုရှုပ်ထွေးတဲ့ တကယ့် 3 D Object တွေကို အစားထိုးလာခဲ့ပါတယ်။ ဒီ 3 D Object တွေမှာဆိုရင် Point ကလေးတွေ စုစည်းထားတဲ့ Vertices တွေနဲ့ ဖွဲ့စည်းထားပါတယ်။ Vertices တစ်ခုစီမှာ X, Y, Z ဆိုပြီး အနေအထား သုံးမျိုးရှိတယ်လေ။ ကွန်ပျူတာကြီးက Object တစ်ခုချင်းစီရဲ့ Vertex တိုင်းကို လိုက်ကြည့်ရပါတယ်။ ဒါကြောင့် Object တစ်ခုမှာဆိုရင် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေတဲ့ နံရံကြီးလို Object မျိုးလည်း ရှိနိုင်သလို၊ တံခါးလို အဖွင့်အပိတ်လုပ်နေရတဲ့ Animation လို Object မျိုး၊ လှုပ်ရှားနေတဲ့ Object မျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကို Transformation လို့ခေါ်ပါတယ်။ ဒုတိယမျိုးဆက်မှာ CPU နဲ့ ပူးပေါင်းပြီး အလုပ်လုပ်တတ်လာ ပါတယ်။ CPU ဟာ Vertex လေးတွေရဲ့ အနေအထားဘယ်လိုရှိသလဲ ဆိုတာကို ကြည့်ပြီးတာနဲ့ 3 D Object ကြီးကို စပြီးဆွဲပါတော့တယ်။ ဘာကိုအရင်စဆွဲသလဲဆိုတော့ Vertex တစ်ခုနဲ့တစ်ခုကို တြိဂံပုံလေးတွေ အဖြစ်နဲ့ ချိတ်ဆက်ပေးမယ့် Line တွေကို စဆွဲပါတယ်။ ဒါဆိုရင် ကျွန်တော်တို့မှာ စဉ်းစားစရာ တစ်ခုရှိလာပါပြီ။ ဘာဖြစ်လို့ လိုင်းတွေကို ဒီအတိုင်းပဲ မချိတ်ဘဲနဲ့ တြိဂံပုံဖော်ရသလဲလို့ပေါ့။ ဒါက သိပ္ပံပညာနဲ့ စဉ်းစားကြည့်ရင် တခြားပုံမဟုတ်ဘဲနဲ့ တြိဂံပုံဖြစ်အောင် အရင်ချိတ်ဆက်ပြီး ပုံတွေဖော်တာဟာ အထိရောက်ဆုံးဖြစ်လို့ပါတဲ့ခင်ဗျာ။ ဒီတော့ CPU က Vertex တွေ အကုန်လုံးကို တြိဂံပုံ အစုအစုလေးတွေဖြစ်အောင် အရင်ချိတ်ဆက်လိုက်ပါတယ်။ ပြီးတော့မှ တြိဂံပုံတွေကို Polygon တွေအဖြစ်နဲ့ ပြန်စုစည်းလိုက်ပါတယ်။ ဒါတွေအားလုံးကို CPU  က အလုပ်လုပ်ပေးရတာပါ။ အခုနောက်ပိုင်းမှာတော့ CPU က လုပ်စရာ မလိုတော့ဘဲ Special 3 D Video Card တွေက ပြုလုပ်ပေးနေတာဖြစ်တဲ့အတွက် Process လုပ်တဲ့နှုန်းကလည်း ပိုမိုမြန်ဆန်လာတာကို တွေ့ရပါတယ်။
3 D Game တွေရဲ့ နောက်ဆုံးပေါ်မျိုးဆက်မှာတော့ တစ်မျိုးပြောင်းသွားပြီး Texturing ဆိုတဲ့ Feature အသစ်တစ်ခုပေါ်လာပါတယ်။ 3 D Game တိုင်းမှာ Textures လို့ခေါ်တဲ့ Bitmap လေးတွေကို သိမ်းထားကြတာတွေ့ရပါတယ်။ Object တစ်ခုကို ဆွဲတော့မယ်ဆိုရင် အဲဒီ Object ရဲ့ ဘေးမှာရှိတဲ့ Texture တွေကို စုစည်းပြီးတော့ Object ရဲ့မျက်နှာပြင်ကို ရုပ်လုံးဖော်ပါတယ်။ အရင်တုန်းကလို တြိဂံတွေ အရင်ပုံဖော်စရာ မလိုတဲ့အတွက် ပိုပြီးတော့ မြန်ဆန်ပါတယ်။ ဒါ့အပြင် အခုဒီမျိုးဆက်မှာတော့ ကျွန်တော်တို့တွေ အပြင်မှာ မြင်နေရတဲ့ တကယ့်သက်ရှိပတ်ဝန်းကျင်နဲ့ပိုပြီး တူလာပါတယ်။ ဒါကြောင့် Game ဆော့တဲ့အခါ အပြင်မှာကိုယ်ကိုတိုင် တကယ်ဝင်ဆော့နေရသလို ဖြစ်နေပါတယ်။ ဒါပေမယ့် အကောင်းနဲ့အဆိုး ဒွန်တွဲသလိုပဲ သူ့မှာလည်း မကောင်းတာတစ်ခုတော့ ရှိတယ်ဗျ။ အဲဒါကတော့ တစ်ခါတစ်ရံကျရင် အရင်တုန်းက ပေါ်ခဲ့တဲ့ Sprit နဲ့ 3 D နဲ့ကို ပေါင်းစပ်အသုံးပြုခိုင်းခြင်းပါပဲ။ အခုလိုမျိုး တကယ့် 3 D (True 3 D) တွေကိုတော့ Rendered Object လို့ခေါ်ကြတယ်။ ဒီလို 3 D Game Card တွေ ပေါ်လာတော့ သူတို့နဲ့ လိုက်ဖက်ညီအောင် အလုပ်လုပ်ပေးမယ့် Video Card တွေ၊ Data သိမ်းတဲ့ Object တွေလည်း ဖန်တီးလာရတော့တာပါပဲ။ ဒါကြောင့်ပဲ 3 D Game အတွက် Intel ကနေ AGP ကို ဖန်တီးပေးလိုက်ပါတယ်။ Intel AGP က 3 D Texture တွေအတွက် RAM ထဲကနေ Data သွားယူပေးရတဲ့ နှုန်းပိုမြန်စေတယ်လေ။ အထက်ဖော်ပြပါ အကြောင်းအရာများကတော့ 3 D တွေ ဘယ်လိုပေါ်လာသလဲဆိုတဲ့ သမိုင်းကြောင်းပဲဖြစ်ပါတယ်။

Sketchup ဆိုတာဘာလဲ
======================
hand sketch ပုံစံ ဆွဲလို့ရတဲ့ software ပါ။ဒီကောင်လေးက 3D အထိပါ ကောင်းကောင်းမွန်မွန် ဖန်တီးလို့ရတယ်။ အရင်ကတော့ architectural industry အတွက်ရည်ရွယ်ခဲ့တယ်။
ယနေ့အချိန်မှာတော့   civil ,mechanical ,game development တွေ အထိပါ အသုံးပြုလာတဲ့ အထိ တိုးတက်လာပါတယ်။သူရဲ့  အဓိက quality ကတော့ marker rendering နဲ့ presentation လုပ်တဲ့ ပုံစံမျိုးက အစ blue print , hand sketch စတိုင်မျိုးစုံ စသဖြင့် art ဆန်ဆန် 3d ပုံရိပ်တွေကို လွယ်လွယ်ကူကူ ဖော်ပြပေးနိုင်ပါတယ်။ တော်ရုံ 3d နားမလည်တဲ့ သာမန်လူတွေပါ သုံးနိုင်တဲ့ အထိ tools တွေကလည်း လွယ်ကူပါတယ်။ပထမဦးဆုံးအနေနဲ့ ၂၀၀၀ ခုနှစ်လောက်က startup company က ထုတ်ခဲ့ပြီး" 3D for Everyone " လို့ကြွေးကြော်ခဲ့ပါတယ်။
အဲဒီ နှစ်မှာပဲ Community Choice Award ကို  first tradeshow မှာပဲ ရခဲ့ပါတယ်။နောက်ပိုင်းမှာ Google က စိတ်ဝင်စားပြီး google earth မှာ plugin အနေနဲ့ အသုံးပြူရာကနေစပြီး  Google Sketchup 6 အနေနဲ့ ထုတ်ခဲ့ပါတယ်။နောက်ဆုံး version က Sketchup 8 ပါ။ Sketchup မှာ ရိုးရိုး Sketchup နဲ့ Sketchup pro ရယ်လို့ နှစ်မျိုးထုတ်ပါတယ်။ရိုးရိုး Sketchup ကို free version အနေနဲ့ အသုံးပြုဖို့ပေးထားပြီး Sketchup pro ကိုတော့ commercial version အနေနဲ့ ထုတ်ပါတယ်။

Sketchup software တစ်ခုထဲမှာပဲ အပြီးဆွဲ ပုံထုတ်မယ်ဆိုရင် တော်ရုံ Professional အနေနဲ့ အသုံးပြုလို့ရတဲ့ အထိ sketchup free version အနေနဲ့ စွမ်းဆောင်ပေးနိုင်ပါတယ်။pro မှာတော့ တစ်ခြား software တွေနဲ့ ချိတ်ဆက်တာမျိုး ဥပမာ autocad file တွေ import လုပ်တာ export ထုတ်တာမျိုးတွေပါ။3d additional tools တွေ အပြင် presentation လုပ်ဖို့ သပ်သပ် layout နဲ့ style builder software တွေ ပါပါလာပါတယ်။သူ့ရဲ့ နမူနာပုံလေးတွေ ကြည့်နိုင်ပါတယ်။
နောက် ပိုင်းမှာတော့ realistic အတွက် rendering plug-in တွေ အများကြီး sketchup အတွက်ထွက်လာပါတယ်။ Indigo Renderer , Su podium , vray  စသဖြင့်များစွာအသုံးပြုနိုင်ပါတယ်။ sketchup ရဲ့  အားသာချက်တစ်ခုက ကား model တစ်ခုဆွဲမယ်ဆိုရင် ပုံမှန် tools တွေ နဲ့ ဆွဲလို့အဆင်မပြေတဲ့ အတွက် modeling plugin တွေ များစွာ online blog တွေ forum တွေ မှာ free ရယူနိုင်သလို ဘယ်လို 3d model တွေ ဖြစ်ဖြစ် ဥပမာ hotel တစ်ခုလုံးဆွဲထားတာမျိုး ၊ တိုက်တန်းနစ် သဘောင်္လိုမျိုး၊ office furniture ..etc အကုန်လုံးကို google 3d warehouse ကနေ free download ချသုံးနိုင်ပါတယ်။sketchup relastic rendering plugin တွေနဲ့ ပုံလေးတွေ ရနိုင်ပါတယ်။

Sketchup နဲ့ ပတ်သတ်ပြီး free version တွေ သုံးဖို့ ဒေါင်းချင်တယ် ပြည့်ပြည့်စုံစုံ သိချင်တယ်ဆိုရင် သူ့ရဲ့ offical site မှာ အားလုံး ရယူလေ့လာ ယူနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။
ဆက်လက်ဖတ်ရှုပါရန်









ပို့စ်ရေးသူ - အမုန်းရိပ်