Vivo ဟာ ပြည်တွင်းစမတ်ဖုန်းဈေးကွက်ရဲ့ထိပ်တန်းနေရာတစ်နေရာကို အခိုင်အမာ ရရှိထားပါတယ်။ Vivo ဟာ ပြည်တွင်းဈေးကွက်မှာ ဈေးကွက်တဖြည်းဖြည်း တိုးချဲ့လျက်ရှိပါတယ်။ Vivo က ပြည်တွင်းသို့ နောက်ဆုံးတင်သွင်းလာတဲ့ ဖုန်းတွေက Vivo V5 နှင့် V5 Plus တို့ ဖြစ်ပါတယ်။ Vivo ဟာ အထူးထုတ် Vivo V5 အနက်ရောင်ဗားရှင်းကိုလည်း ပြည်တွင်းဈေးကွက်မှာ ရောင်းချလျက်ရှိပါတယ်။ Vivo V5 မှာ ရှေ့ကင်မရာ 20MP ၊ ဘက်ထရီ 3000 mAh ပါဝင်သလို V5 Plus မှာလည်း အပျံစား ရှေ့ကင်မရာနှစ်ခု၊ Snapdragon Processor ပါဝင်ပါတယ်။
စမတ်ဖုန်း အသုံးပြုသူ အများစုဟာ Vivo V5 နှင့် V5 Plus တို့အကြား ဘာတွေ ကွဲပြားသလဲဆိုတာ တိတိကျကျ မသိတာကြောင့် ရွေးချယ်ရခက်ခဲနေကြတာကိုလည်း တွေ့ရပါတယ်။ V5 Plus က ဈေးနှုန်းမြင့်မားပြီး V5 ထက် ဘာတွေ အားသာသလဲဆိုတာကို တိတိကျကျ မသိကြပါဘူး။ V5 ကလည်း ဘာကြောင့် အလယ်အလတ်တန်း စမတ်ဖုန်းတွေထဲမှာ ရွေးချယ်သင့်တဲ့ စမတ်ဖုန်းကောင်းတစ်လုံး ဆိုတာကိုလည်း မသိကြပါဘူး။
ဒါကြောင့် ကျွန်တော်တို့ inmya.com က Vivo V5 နှင့် V5 Plus တို့အကြား တူညီတဲ့အချက်တွေနှင့် ကွဲပြားခြားနားသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ဒီနှိုင်းယှဉ်ချက်ကို ဖတ်ရှုပြီး ပရိသတ်များအနေဖြင့် အသင့်တော်ဆုံး စမတ်ဖုန်းတစ်လုံးကို ရွေးချယ်နိုင်ဖို့ မျှော်လင့်ပါတယ်။
Vivo V5 နှင့် V5 Plus တို့အကြား တူညီချက်များ
၁။ ဖုန်းနှစ်မျိုးစလုံးက မျက်နှာပြင် ၅.၅ လက်မဖြစ်ပါတယ်။
၂။ Android 6.0 Marshmallow အခြေခံ Funtouch OS သုံးထားပါတယ်။
၃။ RAM4GB သုံးထားပါတယ်။
၎။ လက်ဗွေရာစနစ်ကို Home Botton မှာ ထည့်သွင်းထားပါတယ်။ လက်ဗွေရာစနစ်ကို သုံးပြီး ၀.၀၂ စက္ကန့်အတွင်းမှာ ဖုန်းကို ဖွင့်နိုင်ပါမယ်။
၅။ microUSB နှင့် USB OTG ပါဝင်ပါတယ်။
၆။ ဖုန်းနှစ်မျိုးစလုံးနှင့် 4G LTE နှင့် VoLTE သုံးနိုင်ပါမယ်။
Vivo V5 နှင့် V5 Plus တို့အကြား ကွဲပြားခြားနားချက်
၁။ ရုပ်ထွက်ပိုင်း ကွဲပြားပါတယ်။ Vivo V5 မှာ 720 p ရုပ်ထွက်သုံးထားပြီး Plus ဗားရှင်းမှာ 1080 p ရုပ်ထွက် သုံးထားပါတယ်။
၂။ Processor ပိုင်း ကွဲပြားပါတယ်။ V5 မှာ Octa-core 1.5 GHz MediaTek MT6750 သုံးထားပြီး Plus ဗားရှင်းမှာ Octa-core 2.0 GHz Snapdragon 625 သုံးထားပါတယ်။
၃။ V5 မှာ Memory 32GB သာ ပါဝင်ပြီး V5 Plus မှာ 64GB ပါဝင်ပါတယ်။
၎။ ကျောဘက်ကင်မရာကွဲပြားပါတယ်။ V5 Plus က ပိုပြီးတော့ ကောင်းမွန်ပါတယ်။. V5 မှာ 13MP ကင်မရာသုံးထားပြီး Phase Detection Autofocus ပါဝင်ပါတယ်။ V5 Plus မှာ 16MP သုံးထားပြီး Phase Detection Autofocus ပါဝင်ပါတယ်။ V5 နဲ့ ဗီဒီယို ရိုက်ကူးမှုကို 1080 p ဖြင့် ပြုလုပ်နိုင်ပြီး V5 Plus နှင့် 4K ရိုက်ကူးနိုင်ပါတယ်။
၎။ ရှေ့ကင်မရာကလည်း ကွဲပြားပါတယ်။ V5 Plus မှာ ရှေ့ကင်မရာနှစ်လုံး ပါဝင်ပါတယ်။ 20MP+80MP ဖြစ်ပါတယ်။ V5 မှာလည်း 20MP သုံးထားတာကြောင့် Selfie ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်ပါမယ်။ Vivo V5 က ရှေ့ကင်မရာ 20MP ပါဝင်တဲ့ ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။
၅။ Vivo V5 မှာ ဘက်ထရီ 3000 mAh ပါဝင်ပါတယ်။ တစ်နေ့တာ ကာလကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ Plus ဗားရှင်းမှာ 3160 mAh ပါဝင်ပါတယ်။ Plus ဗားရှင်းမှာ အလျှင်အမြန် အားသွင်းစနစ်လည်း ပါဝင်ပါတယ်။ V5 မှာတော့ အလျှင်အမြန် အားသွင်းစနစ် မပါဝင်ပါဘူး။
၆။ Vivo V5 Plus မှာ Corning Gorilla Glass 5 မှန် သုံးထားပါတယ်။ ဒါကြောင့် မတော်တဆ ပြုတ်ကျရင်လည်း မှန်ကွဲမှာ စိုးရိမ်စရာမရှိပါဘူး။ V5 မှာလည်း Gorilla Glass 4 မှန်သုံးထားပါတယ်။ ဒါကြောင့် V5 မှန်ကလည်း မှန်ကောင်းတစ်ခု ဖြစ်ပါတယ်။
Vivo V5 ရဲ့ဈေးနှုန်းက မြန်မာကျပ်ငွေ ၃၁၈၀၀၀ ဖြစ်ပါတယ်။ V5 Plus ရဲ့ဈေးနှုန်းက မြန်မာကျပ်ငွေ ၅၃၈၀၀၀ ဖြစ်ပါတယ်။ အထက်ပါအချက်တွေကို ကြည့်ရင် Vivo V5 က အလယ်အလတ်တန်းစမတ်ဖုန်းတွေမှာ စမတ်ဖုန်း ကောင်းတစ်လုံးဖြစ်ကြောင်း တွေ့ရှိနိုင်သလို V5 Plus အလယ်အလတ်တန်းစမတ်ဖုန်းတွေထဲမှာ အကောင်းဆုံး စမတ်ဖုန်းတစ်လုံးဖြစ်တာ တွေ့ရပါတယ်။ ပရိသတ်တွေအနေနဲ့ ငွေကြေးအပေါ်မူတည်ပြီး Vivo V5 နှင့် V5 Plus တို့ထဲက အသင့်တော်ဆုံးဖုန်းကို ရွေးချယ်နိုင်ပါတယ်။
Vivo V5 နှင့် Vivo V5 Plus တို့ထဲက ဘယ်ဖုန်းကို ရွေးမလဲ?
Ref - inmya.com
Aung Myint Myat (Myanmar Youths)
Sunday, June 4, 2017
3:51 PM
in မိုလ်ဘိုင်းဂျာနယ်နှင့်သတင်းများ by Myanmar Youths Technology Group
