မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Friday, January 27, 2017


ပုံ(၁) က Scatter.txt ပါတဲ့ Firmware ပါ

ပုံ(၂) ကတော့ MT65×× Android_Scatter_emmc ပါတဲ့ Firmware ပေါ့



ပုံ(၁) ထဲကအတိုင်းလာရင် zip ဖိုင်ကိုဖြည်ချစရာမလိုပါဘူး။
zip ဖိုင်အတိုင်းပဲ SD ကဒ်မှာထည့် > ဖုန်းထဲကို SD ကဒ်ထည့်ုပြီးတော့ Recovery mode ကနေတဆင့် Firmware တင်ရမှာပါ




ပုံ(၂) ထဲကအတိုင်း MT65×× Android_Scatter_emmc ဆိုတာနဲ့လာခဲ့ရင်တော့ sp flashtool နဲ့တင်နိုင်ပါတယ် / ဒီ Firmware ကို Flashtool firmware လို့ခေါ်နိုင်တယ်ပေါ့ဗျာ






ပြောချင်တဲ့လိုရင်းက scatter.txt နဲ့လာတာတွေကို sp flashtool နဲ့ တင်ဖို့ကြိုးစားနေကြတဲ့အခါ Firmware ကရှာမရဘူးလို့လာလာမေးတာ ၄ ယောက်လောက်ရှိနေလို့ဒါလေးရေးတင်ပေးတာပါ












Scatter.txt နဲ့လာရင် SD ကဒ်ထဲထည့်  Recovery mode ကနေတင်ပါ / MT65×× Android_Scatter_emmc နဲ့လာမှ Sp flashtool နဲ့တင်ပါလို့






Scatter မြင်တိုင်း Sp flashtool နဲ့တင်ရမယ်လို့အထင်ရောက်နေတဲ့သူတွေ နားလည်သွားမယ်ဆိုရင်ကျေနပ်ပါပြီဗျာ






ဇော်မျိုးထက်
www.mmitfamily.com