မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Tuesday, January 10, 2017




Bluetooth Special Interest Group (SIG) အဖွဲ့က နောက်ဆုံးပေါ် Bluetooth 5 ကို Bluetooth core စံသတ်မှတ်ချက် နောက်ဆုံးပေါ် ဗားရှင်းအဖြစ် အသိအမှတ်ပြုလိုက်ကြောင်း သိရသည်။

Bluetooth 4.2 စံသတ်မှတ်ချက်ဟောင်းကို နှစ်နှစ်အတွင်း အစားထိုးသွားမည် ဖြစ်သည်။

Bluetooth 5 ပါဝင်သော ထုတ်ကုန်များသည် နှစ်လမှ ခြောက်လအတွင်း ထွက်ရှိလာဖွယ်ရှိသည်။ ၂၀၁၇ ခုနှစ်အတွင်း ထွက်ရှိမည့် ထုတ်ကုန်အများစုတွင် Bluetooth 5 ပါဝင်လာမည် ဖြစ်သည်။ အောက်ဖော်ပြပါ အချက်များမှာ Bluetooth 5 ၏ ထူးခြားချက်များဖြစ်သည်။

 

ချိတ်ဆက်မှု အကွာအဝေး ရှည်လျားပြီး ပိုမိုမြန်ဆန်ခြင်း

Bluetooth 5 ၏ ချိတ်ဆက်ထားသော ထုတ်ကုန်များအကြား အကွာအဝေးသည် ယခင်မျိုးဆက်ထက် ရှည်လျားပြီး ပိုမိုအားကောင်းသည်။ အရွယ်ကြီးမားသော အချက်အလက်များကိုလည်း လျင်မြန်စွာ ပေးပို့နိုင်သည်။ Bluetooth 5 ၏ မြန်နှုန်းမြင့်ခြင်းကြောင့် စွမ်းဆောင်ရည်မြင့်ထုတ်ကုန်များမှာ တုံ့ပြန်မှုအားကောင်းလာသည်။

 

တည်နေတစ်ခုအတွင်း အခြားထုတ်ကုန်များနှင့် တွဲဖက်တည်ရှိခြင်း

တည်နေရာတစ်ခုအတွင်း အခြားကြိုးမဲ့နည်းပညာများနှင့် ချိတ်ဆက်နိုင်သော Internet of Things (IoT) နည်းပညာသည် နေ့စဉ်ဘဝအတွင်း ပျံ့နှံ့လာသည်။

အဆိုပါနည်းပညာ အသုံးပြုထားသော Bluetooth တွင် အခြားကြိုးမဲ့နည်းပညာများကို ဝင်ရောက်နှောင့်ယှက်မှုကို လျှော့ချပေးနိုင်မည် ဖြစ်သည်။ Bluetooth 5 ထုတ်ကုန်များသည် တစ်နေရာတည်းတွင် ကြိုးမဲ့နည်းပညာ အမျိုးမျိုးအသုံးပြုထားသော IoT ထုတ်ကုန်နှင့် တွဲဖက်တည်ရှိနိုင်သည်။

ထို့အပြင် စွမ်းအင်နည်းနည်းဖြင့် လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်သည်။ Developer များအနေဖြင့်လည်း နှစ်သက်ရာ စံသတ်မှတ်ချက်နှင့်အညီ application များ သို့မဟုတ် ထုတ်ကုန်များကို စီမံခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သည်။

 

Credit – Internet Journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246