မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, December 7, 2016



ဒီမေးခွန်းကကျွန်တော့် Chat box နဲ့ ကျွန်တော်ကျင်လည်ရာနည်းပညာ Group / ကျွန်တော့်ဆိုဒ်ထဲမှာလည်း Comment အနေနဲ့ချန်ပြီးမေးထားခဲ့တာအတော်ကြာခဲ့ပါပြီ

ရေးဖို့အတွက်လက်တွန့်နေလို့မရေးပဲနေခဲ့တာပါ / ဒါပေမယ့်ရိုက်စားသင်တန်းတွေနဲ့တိုးပြီးတော့ ဒုက္ခများနေရတဲ့ ညီအစ်ကိုမောင်နှမတွေကိုမြင်ရတာတွေများလာတဲ့အတွက် လူမုန်းခံပြီးတော့ ဆင်ခြင်နိုင်ဖို့အချက်လေးတွေကိုသိသလောက်ရေးပြလိုက်ပါတယ်

ဘာတွေလဲဆိုတော့ . . . . .

ကိုယ်က ဘာလေ့လာမှုမှမရှိထားသေးရင် ဘယ်သင်တန်းမှမတတ်သေးပါနဲ့အုံး
ပြင်ပကနေ စာအုပ်တွေဝယ်ဖတ်ပြီးတော့အခြေခံပါအောင်လေ့လာပါအုံး / စမ်းသပ်ပါအုံး

စာအုပ်ဝယ်ဖတ်ဖို့အခက်အခဲရှိရင် Online ကနေလေ့လာပါ / Google မှာလေ့လာစရာတွေအများကြီးပါ / uTube မှာလည်း Video Lesson တွေရှိပါတယ် / Facebook မှာလည်း မိုဘိုင်းနည်းပညာ Group တွေအများကြီးပါပဲ / သိချင်တာရှိရင်မေးပါ / သူများတွေမေးထားတဲ့ပို့စ်တွေရဲ့အောက်မှာ Commend တွေလိုက်ဖတ်ပြီးတော့လည်းပညာယူနိုင်ပါတယ်

ပြီးတော့မှသင်တန်းတတ်ပေါ့ဗျာ

ရှောင်ရန်
*******

အချိန်တိုတိုနဲ့အတတ်သင်ဆိုတဲ့သင်တန်းတွေကိုရှောင်ပါ
ဘာကြောင့်လဲဆိုတော့ ကိုယ်ကပြင်ပမှာဘယ်လောက်ပဲလေ့လာခဲ့ပါစေ / အချိန်အနည်းငယ်နဲ့တော့ ဒီပညာကိုတတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး /

ပြောရမယ်ဆိုရင် အခုသင်တန်းတော်တော်များများဟာ အချိန် ၂ လနဲ့အပြတ်သင်တဲ့သင်တန်းတွေများပါတယ် / အဲဒီတော့ကျွန်တော်အထက်မှာပြောခဲ့သလို ပြင်ပကနေအခြေခံရအောင်လေ့လာပြီးမှ အနည်းဆုံးအချိန် ၂ လနဲ့အထက်သင်တဲ့သင်တန်းတစ်ခုခုကိုရှာဖွေရွေးချယ်ပါ / သင်တန်းရွေးချယ်ရာမှာလည်းကြော်ငြာတွေကြည့်ပြီးအထင်မကြီးပါနဲ့ / သင်တန်းဆရာရဲ့ Online မှာကြော်ကြားမှုတစ်ခုကိုအထင်ကြီးပြီးမတတ်ပါနဲ့ /

ကိုယ့်အပေါ်တကယ်စေတနာထားပြီးတတ်မြောက်မှုရှိအောင်သင်ပေးနိုင်ပါ့မလားဆိုတဲ့အချက်ကိုပဲကြည့်ပါ / တချို့တွေဟာ Online ပေါ်မှာပဲနံမည်ကြီးအောင်နေပေမယ့် / သင်တန်းသားတွေအပေါ်မှာ စီးပွားရေးဆန်ဆန် သဘောထားတတ်ကြပါတယ် /

အချိန် ၂ လနဲ့အတတ်သင်ဆိုတဲ့သင်တန်းမျိုးကိုတတ်မယ်ဆိုရင် Software & Hardware ၂ မျိုးလုံးကို အချိန် ၂ လနဲ့မတတ်ပါနဲ့

Software ဖြစ်စေ / Hardware ဖြစ်စေတစ်မျိုးတည်းကိုသာအရင်ဆုံးအချိန် ၂ လပေးပြီးတတ်ပါ / ပြီးမှနောက်တစ်မျိုးကိုအချိန် ၂ လပေးပြီးဆက်တတ်ပါ / Software & Hardware ၂ မျိုးကို အချိန် ၄ လလောက်အနည်းဆုံးပေးပြီးတတ်စေချင်တာပါ / ကြာကြာတတ်လေအတွေ့အကြုံပိုရလေဆိုတော့အဆင်ပြေတာပေါ့ဗျာ / ပထမအချိန် ၂ လပေးပြီးတတ်တဲ့ဘာသာမှာစိတ်တိုင်းမကျဘူးဆိုရင်လည်း / ဒုတိယဘာသာကိုမတတ်ပဲနဲ့သင်တန်းကထွက်ခဲ့မယ်ဆိုရင်လည်းငွေကြေးဆုံးရှုံးမှုသက်သာတာပေါ့ဗျာ

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့သင်တန်းတတ်မယ့်ခင်ဗျားကိုယ်တိုင်ကဒီပညာကိုတကယ်ဝါသနာပါရဲ့လားဆိုတဲ့အချက်ကိုစဉ်းစားပြီးမှတတ်ပါ / ဝါသနာမပါပဲနဲ့ ဒီလုပ်ငန်းက အနေအစားချောင်မယ်ထင်ပြီးလုပ်မယ်ဆိုရင်တော့သေချာသလောက်ခင်ဗျား အလကားကောင်ဖြစ်မှာပါပဲ / ကြုံတွေ့ရတဲ့အခက်အခဲနဲ့ရင်ဆိုင်ရတဲ့ပြသနာတွေများလွန်းတာကြောင့်နေ့မအိပ်ညမအိပ်ဖြစ်ရတာတွေ / နေ့ခင်းစာ နဲ့ ညစာပေါင်းပြီးစားရတဲ့အခိုက်အတန့်တွေ Service သမားစစ်စစ်တွေမှာရှိပါတယ်

ဘယ်လောက်နံမည်ကျော်ကြားတဲ့သင်တန်းကျောင်းကဆင်းခဲ့ပါစေ / အသစ်အသစ်သော Error တွေကိုဖြေရှင်းနိုင်ဖို့ခင်ဗျားမှာလေ့လာလိုစိတ်မရှိရင်အချိန်တိုအတွင်းမှာပဲခင်ဗျားသင်ခဲ့သမျှတွေဟာအလကားဖြစ်ကုန်မယ်ဆိုတာလည်းသတိပြုပါ / ဆိုလိုတာက ဒီပညာဟာ သင်တန်းဆင်းရုံနဲ့ဆရာကြီးဖြစ်မသွားဘူး / လာသမျှ Error အားလုံးကိုဖြေရှင်းနိုင်မှာမဟုတ်ဘူး / အမြဲမပြတ်လေ့လာသင်ယူနေမှတော်ရုံပဲရှိမယ်ဆိုတာပါပဲ

သင်တန်းဆင်းရင်ပေးမယ်ဆိုတဲ့ Data တွေကိုမမက်မောပါနဲ့ / စစ်မှန်တဲ့တာဝန်ယူမှုနဲ့ပညာကိုပဲမက်မောပါ

ဒါလောက်ဆိုရင်ကိုယ်ပိုင်အုံးနောက်နဲ့ဆုံးဖြတ်နိုင်ပြီလို့ထင်ပါတယ်

ခင်ဗျားတို့မိဘတွေပင်ပမ်းဆင်းရဲစွာရှာဖွေထားရတဲ့ငွေကြေးတွေကို Mobile Service သင်တန်းမဟုတ်တဲ့ / ကလိန်ကကျစ်စီးပွားရေးသမား Mobile Service လုပ်ငန်းရှင်တွေဆီကိုမရောက်ပါစေနဲ့

ကွန်တော်ဒီပို့စ်ကိုရေးရတဲ့အကြောင်းက Online ကကြော်ငြာတွေမြင်ပြီးတော့သင်တန်းရွေးချယ်မှုတွေမှားနေတဲ့လူတွေကိုကြည့်ပြီးတော့နောက်ထပ်လူတွေမမှားရအောင်ရေးပြတဲ့သဘောပါ / ဒီပို့စ်ကြောင့်ကျွန်တော့် Fb Account နဲ့ Facebook Page Report ထုခံရလို့များ Account ပျက်သွားခဲ့ရင်လည်းဒီနံမည်နဲ့ပဲ ခင်ဗျားတို့ဖက်ကအမြဲတမ်းရပ်တည်ဖို့ရှိနေမယ်ဆိုတာလေးအသိပေးပါရစေ

Like မလိုချင်ပါဘူး / ရိုးသားတဲ့သူတွေအညာမခံရဖို့ / စဉ်းစားဆုံးဖြတ်နိုင်စေဖို့ Share ပေးစေချင်တယ်

ခင်ဗျားတို့ရဲ့ . . . . .
ဇော်မျိုးထက်
www.mmitfamily.com
www.facebook.com/zawmyohtetithelper