မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, December 7, 2016

ဝက်ဘ်ဆိုက်များစွာထံမှ အချက်အလက် ရယူလေ့ရှိသော ဟက်ကာများသည် အကြွေးဝယ်ကတ်နံပါတ်များကို စက္ကန့်အနည်းငယ်အတွင်း ခန့်မှန်းနိုင်ကြောင်း သုတေသန တစ်ရပ်အရ သိရသည်။
နယူးကာဆယ်တက္ကသိုလ်မှ လုံခြုံရေးပညာရှင်များသည် ဟက်ကာများက ကတ်အချက်အလက်များရှာဖွေရာတွင် အထောက်အကူဖြစ်စေမည့် ဝက်ဘ်ဆိုက်များပေါ်ရှိ အားနည်းချက်ယိုပေါက်များကို ရှာဖွေတွေ့ရှိခဲ့သည်။
တိုက်ခိုက်မှုများသည် အွန်လိုင်းပေါ်ရှိ နာမည်ကျော် လက်လီအရောင်းဆိုင်အချို့တွင်
ပင် အလုပ်လုပ်နိုင်ကြောင်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။
လုံခြုံရေးပညာရှင်အဖွဲ့သည် ၎င်းတို့ရှာဖွေတွေ့ရှိခဲ့သော အားနည်းချက်များကို ဝက်ဘ်ဆိုက်များထံ ပြောကြားခဲ့ပြီး အချို့ဝက်ဘ်ဆိုက်များပင်လျှင် တိုက်ခိုက်မှုများကို ကာကွယ်နိုင်မည့်စနစ်များ ထည့်သွင်းထားပြီးဖြစ်သည်။
အထက်ပါ သုတေသနကို ဦးဆောင်ခဲ့သော နယူးကာဆယ်တက္ကသိုလ်မှ PhD ကျောင်းသားဖြစ်သူ မိုဟာမက်အာမီယာအလီသည် ငွေပေးချေမှု တောင်းဆိုချက်များကို ဝက်ဘ်ဆိုက်အမျိုးမျိုးထံ တစ်ပြိုင်နက်ပေးပို့နိုင်သည့် credit card querying စနစ်တစ်ခုကို ဖန်တီးခဲ့သည်။
ကတ်တစ်ခု၏ ဂဏန်များအနက် ပထမ ၆ လုံးဖြင့် စတင်သည့် အဆိုပါစနစ်သည် ကျန်အချက်အလက်များကို ခန့်မှန်းခြင်းနှင့် ဝက်ဘ်ဆိုက်များပေါ်မှ ပေါင်းစပ်မှုများကို တစ်ပြိုင်နက်ပြုလုပ်နိုင်သည်။

၎င်းစနစ်သည် ကတ်တစ်ခု၏ နံပါတ်၊ သက်တမ်းကုန်ဆုံးမည့်နေ့နှင့် လုံခြုံရေးကုဒ်တို့ကို ပေါင်းစပ်မှုအမျိုးမျိုးပြုလုပ်ပြီးနောက် ကတ်တစ်ခုပုံတူပွားရန် လိုအပ်သည့်အချက်အလက်အားလုံးကို လျင်မြန်စွာ ရှာဖွေပေးနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။
အကယ်၍ တိုက်ခိုက်သူတစ်ဦးက တောင်းဆိုချက်အများအပြားကို တစ်ပြိုင်နက်ပြုလုပ်သည့်အခါ ကတ်တစ်ခု၏ မှန်ကန်သည့်အချက်အလက်များကို ပေါင်းစပ်နိုင်ရန်အတွက် အချိန် ၆ စက္ကန့်သာ ကြာမြင့်ကြောင်း နမူနာတိုက်ခိုက်မှုတစ်ရပ်ဖြင့် ပြသခဲ့သည်။
အထက်ပါအဖွဲ့သည့် ကတ်နံပါတ်ခန့်မှန်းနိုင်သောစနစ် အသုံပြုခဲ့သည့် ဆိုက် ၃၆ ထံသို့ ၎င်းတို့ရှာဖွေတွေ့ရှိခဲ့သမျှကို ဝေမျှခဲ့သည်။ သို့သော်လည်း ဝက်ဘ်ဆိုက် ၈ ခုကသာ ၎င်းတို့၏ လုံခြုံရေးစနစ်များကို ပြောင်းလဲခဲ့ပြီး ကျန် ၂၈ ခုက မည်သည့်ပြောင်းလဲမှုကိုမျှ ပြုလုပ်ထားခြင်း မရှိသေးကြောင်း သုတေသီများက ပြောကြားခဲ့သည်။

Credit – Internet Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246