ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
စမတ်ဖုန်းများ ခေတ်မစားမီအချိန်ကဆိုလျှင် အရည်အသွေးကောင်း ဗီဒီယိုမဆိုထားနှင့် အပျော်တမ်း ဗီဒီယိုပင် ရိုက်ဖို့မလွယ်ပါ။ ဗီဒီယိုကင်မရာ အသင့်အတင့်တစ်လုံး (သို့မဟုတ်) ဓာတ်ပုံရော ဗီဒီယိုပါ ရိုက်နိုင်သည့် ကင်မရာတစ်လုံးလိုသောကြောင့် ဖြစ်သည်။ ထိုကင်မရာတို့၏တန်ဖိုးမှာ အနိမ့်ဆုံးကျပ်နှစ်သိန်းဝန်းကျင်ရှိသည်။ ထို့ပြင်ထုထည်ကြီးသဖြင့် သွားလေရာမပါပါ။ ယခုခေတ်ပေါ်စမတ်ဖုန်းတို့ကား သွားလေရာပါသည့်ပြင် DVD အရည်အသွေး ဗီဒီယိုရိုက်နိုင်သောစမတ်ဖုန်းတို့ကို ကျပ်တစ်သိန်းကျော်မျှဖြင့် ရနိုင်သည်။ ထို့ကြောင့် ဗီဒီယို အရိုက်များပါသည်။ ကြည့်ပျော်သောဗီဒီယိုရလိုလျှင် ကွန်ပျူတာပေါ်တင်ပြီး တည်းဖြတ်ခြင်းက ပိုမိုအဆင်ပြေ ပါသည်။ အခမဲ့ရနိုင်သော ဗီဒီယိုတည်းဖြတ် Software တို့ကို အောက်ပါအတိုင်း တွေ့ရပါမည်။
Windows Movie Maker
ယခင် Windows OS version ဟောင်းများတွင် အစဉ်အဆက်ပါခဲ့ဖူးသော်လည်း Windows 10 တွင်မူ သီးခြား app ဖြစ်သွားပါသည်။ ထို့ကြောင့် သုံးလိုလျှင် သီးခြား download ချရပါလိမ့်မည်။ www.bit.ly/essential 407 မှ download ချပြီးလည်း အခမဲ့အသုံးပြုနိုင်ပါသည်။ Microsoft သည် ၂ဝ၁၂ တွင် Movie Maker ကို Windows Essentials bundle အဖြစ်ပေါင်းစည်းပစ်ခဲ့ပါသည်။ ထို့ကြောင့် ယင်းအချိန်မှစပြီး major update မလုပ်ခဲ့သည်မှာ နှစ်အတန်ကြာပါသည်။ သို့သော် Movie Maker တွင်အသုံးဝင်သောစွမ်းဆောင်ချက်များ အကောင်းဆုံး tools များကို ထည့်သွင်းပေးထားရာ အခြားအခမဲ့ဗီဒီယိုတည်းဖြတ် software များနှင့် ယှဉ်နိုင်သောအခြေအနေတွင် ရှိပါသည်။ အကြမ်းရိုက်ကူးထားသောဗီဒီယိုကားပိုင်းအား import လုပ်ခြင်းမှာ လွယ်ကူပါသည်။ ကားပိုင်းတိုများအား mouse ဖြင့်ဖိဆွဲပြီး Movie Maker Windows ထဲသို့လွှတ်ချရုံသာ ဖြစ်ပါသည်။ ဤ Software သည် ဗီဒီယိုဖန်တီးနိုင်သည်သာမက Slide Show များကိုလည်းဖန်တီးနိုင်ပါသည်။ အထဲသို့ကားပိုင်းတိုများရောက် သွားပြီဟုဆိုလျှင် ယင်းတို့ကို timeline ပေါ်တွင် တွေ့ရပါမည်။ ကားပိုင်းတိုများကို လိုသလိုဖြတ်ခြင်း၊ နှစ်ပိုင်းခွဲထုတ်ခြင်းပြုနိုင်သည့်အပြင် မိမိအလိုရှိသည့်ရှေ့နောက် အစီ အစဉ်အတိုင်းလည်း ထားနိုင်ပါသည်။ Frame တစ်ကွက်ချင်းအလိုက် တိကျသေချာစွာစီစဉ်နိုင်သဖြင့် အား လည်းကိုးလောက်ပါသည်။
Animation သို့မဟုတ် Visual effects tab တို့ကိုရွေးလျှင် ကားကူး ကားဆက် transition အတော်များများကို ပေါင်းထည့်နိုင်ခွင့်ရှိသလို effect အမျိုးမျိုး ပြောင်းလဲနိုင်ခွင့်ကိုလည်း ရရှိပါမည်။ ကားပိုင်းတို့၏အပေါ်တွင် mouse cursor ဖြတ်တင်ပြီး မိမိပြုလုပ်ထားသည်တို့ကို preview ကြည့်နိုင်ပါသည်။ နောက်ခံတေးသွားတစ်ခုခု ထည့်သွင်းလိုသည်ဟုဆိုလျှင် မိမိနှစ်သက်ရာသီချင်းဖိုင်တစ်ခုအား drag and drop လုပ်ပြီး ထည့်သွင်းနိုင် သလို Add music ကို ကလစ်နှိပ်ပြီး ယင်းမှတစ်ဆင့်လည်း ထည့်သွင်းနိုင်ပါသည်။ Record narration ခလုတ်ကို နှိပ်မည်ဆိုလျှင် နောက်ခံစကားပြောမည့်သူ၏ အသံကိုပင် ထည့်သွင်းခွင့်ပြုပါသေးသည်။
အသံထည့်သွင်းသည်ဟုဆိုရာ၌ နောက်ခံသီချင်း၏ volume နှင့် ဗီဒီယို၏ မူလ Audio Volume အား ဗီဒီယိုတစ်ကားလုံးတွင် အတူတူထားရှိရေးမှာ လက်တွေ့မကျပါ။ ထို့ကြောင့် Movie Maker သည် ဗီဒီယိုကား ပိုင်းတိုတစ်ခုစီအတွက် Volume control လုပ်ပိုင်ခွင့်ပေးထားပါသည်။ လိုအပ်သည့်နေရာများတွင် လိုအပ်သလို အသံကစားနိုင်ဖို့အတွက် split audio track လိုလည်းသုံးနိုင်သည်။ ထို့ကြောင့် လိုအပ်သည့်နေရာတွင် နောက် ခံသီချင်း volume ကိုလျှော့ချနိုင်သည်။ ဤ software တွင်ပါသော Fade in ၊ Fade out tool တို့မှာလည်း နောက်ခံတေးသွားနှင့် လိုက်လျောညီထွေစွာ အရုပ်များ တဖြည်းဖြည်းချင်း ပေါ်လာစေရန်၊ တဖြည်းဖြည်းချင်း ပျောက်သွားစေရန် အထောက်အကူပြုပါသည်။
Movie Maker သည် အခမဲ့ Software ဟုဆိုသော်လည်း အိမ်သုံးအဆင့် ဗီဒီယိုဇာတ်ကားတစ်ခု ဖန်တီးရန် လိုအပ်သော tool အားလုံးပါဝင်သည်။ ဗီဒီယိုဇာတ်လမ်းအား လိုအပ်သလိုအနှေးအမြန်ပြုလုပ်ပြီး ပြသနိုင် ခွင့်ကိုလည်း ထည့်သွင်းပေးထားပါသည်။ ထို့ပြင် title (သို့မဟုတ်) credit screen ပေါင်းထည့်ခွင့်လည်း ပြုပါ သည်။ ကျန်သောအခမဲ့ဗီဒီယိုတည်းဖြတ် software များနှင့်ယှဉ်လျှင် format နှင့် resolution ပိုင်း၌ လုံးဝအချုပ် အနှောင်မရှိသည်ကို တွေ့ရပါမည်။ ထို့ပြင် မိမိဖန်တီးထားသော Facebook ၊ YouTube ၊ Vimeo ၊ One Drive တို့ပေါ်မှ တစ်ဆင့် share လုပ်ခွင့်လည်း ပြုပါသည်။
Movie Maker နှင့်ပတ်သက်ပြီး လောလောဆယ်တွေ့ရသည့် အားနည်းချက်မှာ ရှည်လျားသောဗီဒီယိုကား ဖန်တီးရန် အထောက်အပံ့မပြုခြင်းဖြစ်ပါသည်။ သို့သော် Windows 10 user များအတွက် ဗီဒီယိုဇာတ်လမ်း ရှည်များဖန်တီးနိုင်မည့် Movie Maker ကို Windows store ပေါ်၌ မကြာမီရရှိပါစေမည်ဟု Microsoft က ပြောထားပါသည်။ ထို့ကြောင့် အနာဂတ်တွင် ယင်းအခြေအနေကို ရရှိနိုင်ပါသည်။ အရွယ်အစားကြီးသော ဗီဒီယို ဖိုင်များနှင့် အလုပ်လုပ်သည့်အခါ နှေးကွေးခြင်းမှာလည်း Movie Maker ၏ အားနည်းချက်ဖြစ်ပါသည်။
VSDC Free
www.bit.ly/vsdc 407 မှ download ချပြီး အခမဲ့အသုံးပြုနိုင်သော ဗီဒီယိုတည်းဖြတ် software ဖြစ်ပါသည်။ အခမဲ့ဗီဒီယိုတည်းဖြတ် software တို့အနက် အားအကောင်းဆုံးလည်းဖြစ်ပါသည်။ အခြေခံဗီဒီယိုတည်းဖြတ် မှုအတွက် လိုအပ်သော Clip splitting footage speedup/slow down တို့ကို ပေးအပ်ထားသည့်အပြင် transformation/filters နှင့် Color adjustment တို့ကဲ့သို့သော အဆင့်မြင့် video effect များလည်း ထည့်သွင်းပေးထားပါသည်။ ထို့ပြင် ဗီဒီယိုထဲ၌ text ၊ Shape ၊ animation တို့ ထည့်နိုင်ပါသည်။ Advanced audio editing tool များကိုလည်း သုံးနိုင်ပါသည်။ VSDC သည် media file များကို layer များအဖြစ်သာ စီမံခန့်ခွဲခွင့်ပြုပါသည်။ ထို့ကြောင့် ဗီဒီယိုကားပိုင်းတစ်ခုလုံးတွင် မညီညာသောတည်းဖြတ်မှုများ ပါဝင်လာနိုင် ပါသည်။ ဤ software သည် လူကြိုက်များသော video နှင့် Audio format အားလုံးကို အထောက်အပံ့ ပေးပါသည်။ တည်းဖြတ်ပြီး ဗီဒီယိုကားပိုင်တို့ကို အခြား device များဆီသို့ ပို့ဆောင်ပေးနိုင်မည့် preset များ လိုလည်းထားပေးပါသည်။ အခပေး Software ၏ ဤအခမဲ့အစိတ်အပိုင်းသည် ကန့်သတ်ထားမှုအလွန်နည်း ပါသည်။ Screen Capture လုပ်နိုင်ခြင်း Slideshow ဖန်တီးခြင်းတို့အပြင် အခြားအသုံးဝင်သော tool များ ကိုလည်း ပေးအပ်ထားပါသည်။ Interface ရှုပ်ထွေးခြင်း နှင့် အထောက်အကူပြု help file များ နည်းပါးခြင်းမှာ ဤ softwre ၏ အားနည်းချက်ဖြစ်ပါသည်။
Vidiot
www.bit.ly/vidiot 407 မှ download ချပြီး အခမဲ့အသုံးပြုနိုင်ပါသည်။ Light weight editor ဖြစ်ပြီး အများဆုံး လိုအပ်မည့် tool များကို ပြည့်စုံစွာပေးထားပါသည်။ ဗီဒီယိုကားပိုင်းတိုများအား drag and drop ဖြင့် import လုပ်နိုင်ခြင်း၊ ယင်းကားပိုင်းတိုများအား အထားအသိုပြင်ဆင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ဗီဒီယိုကား ပိုင်း၏ အစနှင့်အဆုံးကို ဆွဲ့ရွှေ့ပြီး ဖြတ်ချခြင်းမှာလည်း အသုံးဝင်ပါသည်။ Fade from previous (သို့မဟုတ်) Fade to next ကိုသုံးပြီး ဗီဒီယိုကားပိုင်းတိုများအကြား cross-fade transition လုပ်နိုင်ခြင်းမှာ အဆင့်မြင့် စွမ်းရည်ဖြစ်ပါသည်။ Clip speed နှင့် transparency ကို ပြောင်းနိုင်ခြင်းမှာ ချီးကျူးလောက်ပါသည်။ ထို့ပြင် ကားပိုင်းတိုတွင် Cropping rotation နှင့် scaling တို့လုပ်နိုင်ပါသည်။ မိမိစိတ်ကြိုက်တေးသွားကို နောက်ခံ အသံဖြင့် ထည့်သွင်းနိုင်ခွင့်လည်းပေးပါသည်။ အရုပ်နှင့်အသံဖိုင်များကို သီးခြားစီခွဲထုတ်နိုင်ရာ ယင်းဖိုင်များကို သီးခြားစီ တည်းဖြတ်နိုင်ခွင့်ရစေပါသည်။ Title ထည့်သွင်းခွင့်မရခြင်းနှင့် Clip splitting မလုပ်နိုင်ခြင်းတို့မှာ Vidiot ၏ အားနည်းချက်ဖြစ်ပါသည်။
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
11:01 PM
in 