မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Thursday, November 24, 2016


Amazon နှင့်ယှဉ်ပြိုင်မည့် ဒေါ်လာ ၅၀ တန် Nook tablet ကို Barnes & Noble မိတ်ဆက်

 

Barnes & Noble သည် ဒေါ်လာ ၅၀ ဖြင့် ရောင်းချမည့် Nook tablet သစ်ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ tablet သည် Amazon Kindle နှင့် Amazon Fire တို့ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်တွင် စတင်ရောင်းချမည် ဖြစ်သည်။

၎င်းတွင် ၇ လက်မ IPS display နှင့် ၇ နာရီကြာသုံးနိုင်မည့် ဘက်ထရီတို့ပါဝင်ပြီး onboard storage က 8GB ဖြစ်သည်။ MicroSD card ကို အသုံးပြုပြီး 128GB အထိ တိုးမြှင့်နိုင်သည်။

Barnes & Noble သည် ၎င်း၏ အွန်လိုင်းစတိုးမှ download ပြုလုပ်နိုင်မည့် ဒီဂျစ်တယ်စာအုပ် သန်းပေါင်းများစွာကို ထောက်ပံ့ပေးထားသည်။ ထို့အပြင် Google Play content library ကို အပြည့်အဝအသုံးပြုနိုင်သောကြောင့် ဖတ်ရှုလိုသည့်အရာများကို ရှာဖွေနိုင်မည်ဖြစ်သည်။

 

Credit – Internet Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246