Redmi Series စမတ်ဖုန်းများတွင် Android ဈေးကွက်တွင် နေရာရလျက်ရှိပြီး အဓိကအချက်မှာ သင့်တင့်သော ဈေးနှုန်းနှင့် ကောင်းမွန်သော စွမ်းဆောင်ရည်ဒီဇိုင်းတို့ကြောင့် ဖြစ်သည်။
Redmi 2 သည် ပြီးခဲ့သော MWC ပွဲတွင် ဒေါ်လာ ၁၀၀ အောက် အကောင်းဆုံး စမတ်ဖုန်းဆုကိုရရှိခဲ့သည်။ Redmi 3 ကိုလည်း မူကွဲ ၃ မျိုးဖြင့်တွေ့နိုင်ပြီး မူရင်း Redmi 3 မှာ Snapdragon 616 chipset, 2GB RAM နှင့် 16GB storage ပါဝင်ပြီး Redmi 3 Pro မှာ 3GB RAM နှင့် 32GB storage နှင့် Fingerprint တို့ ပါဝင်ကြောင်း သိရသည်။
Redmi 3s ကိုမူ Snapdragon 430 နှင့် 3GB RAM Fingerprint sensor တို့ဖြင့် ထုတ်လုပ်ထားပေးသည်။ Xiaomi သည် မကြာမီထွက်ရှိလာမည့် Redmi 4 ကိုလည်း ဆွဲဆောင်မှုရှိနိုင်သမျှရှိစေရန် ကြိုးစားထားပြီး ပေါက်ကြားခဲ့သော သတင်းများအရ Media Tek ၏ Helio x 20 chipset deca-core processor အား သုံးစွဲထားသည်ဟု သိရသည်။
ယခုအချိန်တွင် အခြားအသေးစိတ်အချက်အလက်များကို မသိရသေးသော်လည်း ထိုသတင်းသာမှန်ကန်ခဲ့ပြီွး Redmi ဖုန်းများ၏ သမိုင်းကြောင်းအရ ခန့်မှန်းပါက သတ္တုဖြင့်တည်ဆောက်မည်ဟု ယူဆနိုင်ကာ 5 inch ၀န်းကျင် display ပါဝင်မည်ဟု ယူဆနိုင်သည်။
Redmi 4 သည် ၂၀၁၇ တွင်မှ တွေ့ကြရမည် ဖြစ်သော်လည်း Xiaomi မှ စတင်စမ်းသပ်လျက်ရှိပြီဟု ယူဆနိုင်ပြီး ယခုကဲ့သို့ သတင်းပေါက်ကြားမှုသည် အံ့အားသင့်စရာ မဟုတ်ခဲ့ပေ။
Credit-Netguide Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246