လုံခြုံရေး မြင့်မားသည့် instant messaging ဝန်ဆောင်မှု Telegram သည် ဟက်ကာများက အီရန်နိုင်ငံသား ၁၅ သန်း ဖုန်းနံပါတ်များကို ထိုးဖောက်ရယူသွားသည့် သတင်းများကို ငြင်းဆိုသွားခဲ့သည်။
ဖုန်းနံပါတ်များသည် အများပြည်သူဆိုင်ရာ အချက်အလက်များ ဖြစ်ကြောင်း Telegram က ပြောကြားခဲ့သည်။ သို့သော်လည်း ဟက်ကာများသည် SMS verifi-cation code များကို ကြားဖြတ်ရယူ၍ account ဒါဇင်ကျော်ကို မတည်မငြိမ်ဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း ခြိမ်းခြောက်မှုသစ် မဟုတ်ကြောင်း Telegram ကပြောဆိုခဲ့သည်။ တချို့နိုင်ငံများရှိ သုံးစွဲသူများ အနေဖြင့် account များကို ကာကွယ်ရန် two-step verification ကို အသုံးပြုသင့်ကြောင်း ကုမ္ပဏီက အကြံပေးထားသည်။
ဟက်ကာများသည် အီရန်ရှိ သုံးစွဲသူ ၁၅ သန်း၏ ဖုန်းနံပါတ်များကို ထုတ်ဖော်ခဲ့ပြီး အီရန်နိုင်ငံသား account ဒါဇင်ကျော်ကို ထိုးဖောက်ခဲ့ကြောင်း လွတ်ငြိမ်းချမ်းသာခွင့် လူ့အခွင့်အရေးအုပ်စုနှင့် တွဲဖက်လုပ်ကိုင် လျက်ရှိသော လုံခြုံရေးသုတေသီ ကောလင်းအန်ဒါဆင်က ပြောကြားခဲ့သည်။ ၎င်းတို့သည် သုံးစွဲသူများသို့ SMS code များကို ကြားဖြတ်ရယူခဲ့ကြောင်း၊ အဆိုပါ code များကို အသုံးပြု၍ ဟက်ကာများသည် သုံးစွဲသူ၏ Telegram account ကိုထုတ်ကုန်သစ်သို့ ထည့်သွင်းကာ စကားပြောဆိုမှုများကို ဖတ်ရှုနိုင်ကြောင်း မစ္စတာအန်ဒါဆင်က ပြောဆိုခဲ့သည်။
SMS code များအသုံးပြုမှုသည် အစိုးရက မိုဘိုင်းကုမ္ပဏီအပေါ် သြဇာလွှမ်းမိုးခြင်းနှင့် ပိုင်ဆိုင်သည့် နိုင်ငံများတွင် ပြဿနာတစ်ခု ဖြစ်သည်။ “ဆဲလ်ဖုန်း ကုမ္ပဏီနဲ့အတူ ပူးပေါင်းလုပ်ကိုင်တဲ့ နည်းလမ်းတွေကြောင့် Telegram account တွေ ထိုးဖောက်ခံရတဲ့ အမှုဒါဇင်ကျော် ကျွန်တော်တို့ရှိပါတယ်” ဟုအန်ဒါဆင်က ပြောကြားခဲ့သည်။
Rocket Kitten ဟုအမည်ရသော ဟက်ကာအဖွဲ့သည် အီရန်လုံခြုံရေး လုပ်ဆောင်ချက်နှင့် စိတ်ဝင်စားမှုများ ရောင်ပြန်ဟပ်သည့် phishing တိုက်ပွဲများ ပြုလုပ်လေ့ရှိသည်။ တက်ကြွလှုပ်ရှား သူများအပြင် ဂျာနယ်လစ်များနှင့် အီရန်ရှိ အခြားသုံးစွဲသူများကို အန္တရာယ်ကျရောက်အောင် ပြုလုပ်လျက်ရှိကြောင်း ၎င်းကသုံးသပ်ခဲ့သည်။
Ref: BBC
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246