မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အော်တိုတယ်လီဖုန်းနံပါတ်အချို့ ပြောင်းလဲတပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်စံအောင်အိတ်ချိန်းနှင့် မန္တလေးအိတ်ချိန်းရှိ ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်မည်ဖြစ်သဖြင့် အော်တို တယ်လီဖုန်းနံပါတ်များအား ပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြောင်းလဲမည်ဟု သိရသည်။
အဆိုပါနံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် MPT မှ Call Forward ဝန်ဆောင်မှုကို အခမဲ့ပေးထားမည်ဖြစ်ကြောင်း၊ ၂၀၁၇ ဇွန်လကုန်အထိ အခမဲ့ ပေးထားမည်ဖြစ်ကြောင်း သိရသည်။
ပြည်စံအောင်အိတ်ချိန်း၊ ဇေယျာသီရိမြို့နယ် (နေပြည်တော်ကောင်စီနယ်မြေ) တွင် လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် ၀၆၇-၇၅××× မှ ၀၆၇-၉၉၈၅ သို့လည်းကောင်း၊ မန္တလေးအိတ်ချိန်း ဧရိယာတွင် လက်ရှိအသုံးပြုနေသော ၀၂-၇၈××× အား ၀၂-၂၈၄၈ သို့လည်းကောင်း၊ ၀၂-၇၄××× အား ၀၂-၂၈၄၄ သို့လည်းကောင်း၊ ၀၂-၆၂××× မှ ၀၂-၂၈၃၂ သို့လည်းကောင်း၊ ၀၂-၇၇××× အား ၀၂-၂၈၄၇ သို့လည်းကောင်း အသီးသီးပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။
Credit-Internet Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246