LeEco နှင့် Coolpad တို့ပူးပေါင်းကာ ထိပ်တန်းစမတ်ဖုန်းတစ်လုံး ဖန်တီးလျက်ရှိကြောင်း သတင်းထွက်ပေါ် ခဲ့သည်မှာ မကြာလှသေးပေ။ LeEco သည် Coolpad ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်ရာ ထိုသတင်းသည် ဖြစ်နိုင်ချေများခဲ့သည်။ ယခု LeEco နှင့် Coolpad တို့မှ ပထမဆုံး teaser တစ်ခုကိုတင်ခဲ့ပြီး ထိုပုံအရ ဖုန်း၏ အမည်မှာ Cool 1 ဖြစ်သည်ဟုသိရသည်။ ထို့အပြင် teaser ပုံအရလည်း ထိုဖုန်းတွင် dual ကင်မရာစနစ် ပါဝင်မည်မှာ သေချာသလောက်ရှိခဲ့သည်။ Cool 1 သည် မကြာမီကာလအတွင်း တရားဝင်ကြေညာနိုင်ကြောင်း ခန့်မှန်းကြပြီး တရုတ်မှထွက်ခဲ့သော သတင်းအချို့အရ သြဂုတ် ၁၀ ရက်ဝန်းကျင်တွင် ဖြစ်နိုင်သည်ဟုဆိုသည်။ ထိုဖုန်းတွင် 5.5" QHD touchscreen ပါဝင်ကာ Snapdragon 820 chipset ကို RAM 4 GB နှင့် တွဲဖက် သုံးစွဲမည်ဟုသိရသည်။ Storage မှာ 64 GB ပါဝင်မည်ဟုဆိုပြီး ကျောဘက်တွင် လက်ဗွေဖတ်နိုင်သော Fingerprint sensor ပါဝင်မည်ဖြစ်သည်။ 3500 mAh ဘက်ထရီကိုသုံးထားသည်။ Andorid 6.0 Marshmallow ကိုသုံးမည်ဖြစ်ပြီး LeEco ၏ EUI နှင့် Coolpad ၏ Cool UI နှစ်မျိုးလုံးပါဝင်ကာ နှစ်သက်ရာ interface ကိုရွေးချယ်နိုင်မည်ဟုသိရသည်။ လက်ရှိအချိန်ထိ Cool 1 ၏ ဖြစ်နိုင်သောဈေးနှုန်းအား သိရှိရခြင်း မရှိသေးပေ။
Credit-Netguide Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246