မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Tuesday, July 19, 2016

ဒီဖုန်း Model ကို error ကင်းအောင် Root လို့အဆင်မပြေဖြစ်နေသေးတဲ့သူတွေအတွက်ကျွန်တော်အဆင်ပြေသွားတဲ့နည်းလမ်းလေးနဲ့ Data လေးတွေကိုပြန်မျှပေးလိုက်ပါတယ် . လိုအပ်တာတွေကိုအောက်ကလင့်မှာအရင်းဆုံးဒေါင်းယူပါ ...
Samsung usb driver မရှိသေးရင်အရင်ဒေါင်းပြီး PC မှာ Run ပေးထားပါ


ပြီးရင် TWRP & Root file တွေစုပေးထားတဲ့ zip file ကိုဒေါင်းပါ
ဒေါင်းလို့ရလာတဲ့ zip file'ကို ဖြည်ချလိုက်တဲ့အခါ Odin,recovery,UpdateSuperSu ဆိုပြီး zip file သုံးခုထပ်ထွက်လာပါလိမ့်မယ် .
အဲဒီသုံးခုထဲက recovery.zip ကို zip ဖြည်ထားလိုက်ပါ.

၁။Odin ကိုဖွင့်ပါ . PDA မှာ zip ဖြည်ချထားတဲ့ recovery.tar.md5 ဆိုတဲ့ file ကိုထည့်ပါ

၂။ဖုန်းကို power , vol - , Home Key ပြိုင်တူတွဲနှိပ်ပြီး Downloading mode ကိုဝင်ပြီးကြိုးထိုးလိုက်ပါ

၃။Odin ရဲ့ ID : COM ဆိုတဲ့နေရာမှာအစိမ်းဖျော့ရောင်သင်္ကေတလေးပြတဲ့အခါ Start ကိုနှိပ်ပေးလိုက်ပါ . Pass'ပြတဲ့အခါ TWRP Recovery သွင်းခြင်းကိစ္စပြီးဆုံးပါပြီ.ကြိုးကိုဖြုတ်လိုက်လို့ရပါပြီ.


၎။Root လုပ်ဖို့အတွက် UpdateSuperSU.zip ကိုဖုန်းရဲ့ Internal emory မှာထည့်ပါ

၅။ဖုန်းကိုပါဝါပိတ်ပါ . ပြီးရင် power key ကို သုံစက္ကန့်လောက်နှိပ်ပြီးတော့ Home key vol± key ကိုတွဲနှိပ်ပေးလိုက်တဲ့အခါ TWRP Recovery ကိုရောက်သွားပါမယ်.install ကိုရွေးပေးပါ Internal memory > UpdateSuperSU.zip ကိုရွေးပေးပါ slite တစ်ခုပေါ်လာရင်ညာဖက်ကိုဆွဲပေးလိုက်ပါ . ခဏနေရင် auto reboot ကျသွားပါမယ် . ပြန်တတ်လာရင် root လုပ်ခြင်းကိစ္စအောင်မြင်စွာပြီးဆုံးပါပြီ.







SAMSUNG USB Driver Download





DOWNLOAD GT-I9060I TWRP & Root














ကျွန်တော်တင်တဲ့ပို့စ်မှန်သမျှကိုအကြိုက်တူရင်လွတ်လပ်စွာ Share နိုင်သလို/Credit မပေးပဲလည်းပြန်တင်နိုင်ပါတယ်.ကျွန်တော့်နံမည်လည်းဖြုတ်ချခဲ့နိုင်ပါတယ်. ဒေါင်းလော့လင့်တွေကိုတော့ adf.ly တွေမခံပါနဲ့လို့တောင်းပန်ပါရစေ ....






နည်းပညာမျှဝေနေသူများနဲ့လေ့လာနေသူများအားလုံးကိုအစဉ်လေးစားလျက် .....

ဇော်မျိုးထက်
www.mmitfamily.com