မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Sunday, July 10, 2016



Facebook တွင် ရှိသမျှဓာတ်ပုံများကို ဆက်လက်သိမ်းဆည်းထားလိုပါက Facebook ၏ app တစ်ခုဖြစ်သော Moments ကို download ရယူထားရမည်ဟု သိရသည်။ Synced photo album သုံးစွဲသော Facebook ပရိသတ်များထံသို့ email ပေးပို့ခဲ့ကြောင်းသိရပြီး ကုမ္ပဏီပိုင် Moments app ကို ဇူလိုင် ၇ ရက် နောက်ဆုံး ထားကာ download ရယူရမည်ဖြစ်ကာ သို့မဟုတ် album အတွင်းရှိ ဓာတ်ပုံအားလုံးအဖျက် ခံရမည်ဟု သတိ ပေးထားသည်။ Moments app ကို ယမန်နှစ်ကထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ မိတ်ဆွေများနှင့် သီးသန့်ဓာတ်ပုံများကို share လုပ်နိုင်မည့် app တစ်ခုဖြစ်ပြီး ဓာတ်ပုံရိုက်သောနေရာနှင့် ပါဝင်သူများကိုမူတည်ကာ ကဏ္ဍများ သီးခြား ခွဲခြားပေးသွားမည်ဖြစ်သည်။ Moments မတိုင်မီကမူ Facebook သည် ၎င်း၏ app တွင် ထိုကဲ့သို့ဆင်တူသည့် Photo Sync Feature ကို ၂၀၁၂ ကတည်းကပေးထားခဲ့သည်။ ထို feature ကို ဖွင့်ထားပါက ပုံများကို အလိုလို "Synced From phone" album ထဲသို့ upload ပြုလုပ်ပေးကြောင်းသိရသည်။ ထို album အား ဇူလိုင် ၇ ရက် နောက်ပိုင်းတွင် ဖျက်သိမ်းတော့မည်ဖြစ်ပြီး Facebook မှ သုံးစွဲသူများ၏ဓာတ်ပုံများကို Moments app ထဲသို့ပါ upload ပြုလုပ်ရန် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ Moments app ကို မသုံးစွဲချင်သူများအတွက် synced photos များကို Facebook profile မှတစ်ဆင့် zipfile များအဖြစ် ဇူလိုင် ၇ ရက်မတိုင်မီ download ရယူကာ ကိုယ်တိုင်ပြန်လည်သိမ်းဆည်းခွင့်ကို ပေးထားကြောင်းသိရသည်။

Credit-Netguide Journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246