မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Thursday, July 7, 2016

Huawei Mate 8



Huawei ဟာ hardware တွေကို အကောင်းဆုံးတွေသာ အမြဲတမ်းသုံးစွဲလေ့ရှိတာကြောင့် Huawei Mate 8 မှာလည်း သုံးစွဲသူဘက်ကနေ အများဆုံးမျှော်လင့်ထားတဲ့ အဆင့်မြင့်မြင့်ဖုန်းတစ်လုံးဖြစ်အောင် ဖန်တီးပေးခဲ့ပါ တယ်။ Huawei ရဲ့ နောက်ဆုံးပေါ် flagships တွေဟာ အခုနောက်ပိုင်းမှာ ပိုမိုအရည်အသွေးကောင်းမွန်လာပြီး Samsung နဲ့ LG စတဲ့ စမတ်ဖုန်းတွေကို တန်းတူယှဉ်ပြိုင်နိုင်တဲ့ အဆင့်ကိုရောက်အောင် လိုက်မီခဲ့ပါတယ်။ Nexus 6P ရဲ့ အောင်မြင်မှုနောက်ကို ဆက်လိုက်လာနိုင်ခဲ့တဲ့ Huawei ရဲ့ ကိုယ်ပိုင် flagship Mate 8 ဟာ မကြာသေးခင်ကမှ ဈေးကွက်ထဲဝင်ရောက်လာခဲ့တာဖြစ်ပြီး လှပခံ့ညားမှုရှိတဲ့ဒီဇိုင်း၊ အလွန်လျင်မြန်တဲ့ fingerprint sensor, ဘက်ထရီသက်တမ်းကြာရှည်ခံနိုင်မှုရှိတဲ့ အချက်တို့နဲ့တင် ပြီးပြည့်စုံတဲ့စမတ်ဖုန်းတစ်လုံး ဖြစ်နေပါပြီ။ Huawei Mate 8 ဟာ နောက်ဆုံးပေါ် Phablet တစ်လုံးလည်းဖြစ်ပြီး အဆင့်မြင့်တာမို့ တန်ဖိုး လည်း မြင့်မားတာတွေ့ရပါတယ်။ ဒါပေမဲ့ ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ကောင်းမွန်မှုတွေနဲ့ အကောင်းဆုံး feature တွေကို ရရှိနိုင်ပါတယ်။ Mate 7 ရဲ့ follow up ဖြစ်လာတဲ့ Mate 8 ဟာ အလူမီနီယမ် unibody ဒီဇိုင်းကြောင့် ကြည့်လို့အတော်ကောင်းပါတယ်။ Dual-SIM အသုံးပြုနိုင်ပြီး ကတ်အပေါက်နှစ်ခုပါဝင်ပါတယ်။ ဆင်းကတ်ထည့်သုံးဖို့ တစ်ပေါက်နဲ့ ကျန်တစ်ပေါက်ကို micro SD ကတ် ထည့်သုံးနိုင်ပါတယ်။

Design & Build

Huawei ရဲ့ flagships ဒီဇိုင်းတွေကို Mate 8, Mate 7 နဲ့ P8 ဖုန်းတွေမှာ ရင်းနှီးမြင်တွေ့ဖူးကြမှာပါ။ တစ်မျိုးနဲ့တစ်မျိုးဒီဇိုင်းတွေ ပြောင်းလဲမသွားတာတွေ့ရပြီး Nexus 6P လိုတော့ Mate 8 ရဲ့ ဒီဇိုင်းကို ထူးခြား လာအောင် မပြင်ဆင်ပေးခဲ့တဲ့ အတွင်းပိုင်း hardware တွေ အဓိကကောင်းမွန်လာအောင် ဖန်တီးပေးခဲ့ပါတယ်။ သတ္တုနဲ့ ဖွဲ့စည်းတည်ဆောက်ထားမှုကြောင့် Mate 8 ဟာ တကယ့်ကို အဆင့်မြင့်ဖုန်းတစ်လုံးဆိုတာ လက်ထဲ ကိုင်ထားရုံနဲ့တင် သိသာပါတယ်။ ဘေးထောင့်တွေကို အသာလေးကွေးထားပြီး ကျောပြင်မြင့်မောက်အောင် ခိုင်ခိုင်ခံ့ခံ့တည်ဆောက်ပေးထားတဲ့ ဒီဇိုင်းနဲ့ Mate 8 ဟာ ခံ့ညားထည်ဝါနေပါတယ်။ Huawei ရဲ့ Mate စမတ်ဖုန်းတွေအတိုင်း Mate 8 ကိုလည်း ကြီးကြီးမားမားဖြစ်အောင် ဖွဲ့စည်းပေးခဲ့ပြီး ဘေးဘောင်တွေကို လုံးဝသေးငယ်ကျဉ်းမြောင်းနေတာမို့ အံ့သြချီးကျူးစရာကောင်းပါတယ်။ Huawei ရဲ့ စမတ်ဖုန်းတွေဟာ ကြီးမားတဲ့ display ပါဝင်တဲ့ ဖုန်းတွေအများစုကို ထုတ်လုပ်ပေးနိုင်တဲ့ အရည်အချင်းကြောင့် နာမည်ရနေတာ ဖြစ်ပြီး 7.9mm အထူရှိတဲ့ Mate 8 ကို အပါးလွှာဆုံးဖုန်းတစ်လုံးလို့တော့ သတ်မှတ်လို့မရပါဘူး။ ဒါပေမဲ့ လေးထောင့်ဆန်ဆန်နဲ့ အနည်းငယ်ခုံးနေတဲ့ ကျောဘက်ဒီဇိုင်းတို့ကြောင့် လက်ထဲသုံးတဲ့အခါ သေးငယ်သလို ခံစားရနိုင်ပါတယ်။ Huawei  ဖုန်းတွေရဲ့ ကျောဘက်ဒီဇိုင်းဟာ Mate 7 မှာတည်းက ထူးခြားလာခဲ့ပြီး Mate 8 ကိုလည်း သတ္တုနဲ့တည်ဆောက်ပေးခဲ့ပါတယ်။

Display

မျက်နှာပြင်ဟာ ၅ လက်မအရွယ်ရှိပြီး IPS-NEO LCD Display ကို အသုံးပြုထားပါတယ်။ ရုပ်ထွက် အရည်အသွေးဟာ 1080×1920 pixels Full HD ဖြစ်ပြီး 368ppi ရုပ်ထွက်သိပ်သည်းဆကို ပံ့ပိုးပေးနိုင်ပါ တယ်။ ကျောဘက်ကင်မရာရဲ့ အောက်ခြေမှာ Fingerprint sensor ကို ထည့်သွင်းထားပြီး အ၀ိုင်းပုံသဏ္ဌာန် sensor ကနေ gestures တွေ ဆောင်ရွက်နိုင်ပေမယ့်  Honor 7 နဲ့ Mate 8 မှာ သုံးနိုင်တဲ့ gestures  အကုန်လုံးတော့ မရနိုင်ပါဘူး။

Operating System and Camera

Android OS 6.0 (Marshmallow) ကို Emotion UI 4.0 နဲ့ တွဲဖက်အသုံးပြုနိုင်တာကြောင့် သဘောကျစရာ ကောင်းပါတယ်။ Mate 8 မှာ 16MP ကင်မရာကို ကျောဘက်မှာထည့်သွင်းထားပြီး f/2.0 apeture, OIS နဲ့ ၀.၁ စက္ကန့်အတွင်း ဆောင်ရွက်ပေးနိုင်တဲ့ PDAF တို့ ပါဝင်ပါတယ်။ Dual LED Flash မီးအသုံးပြုနိုင်ပြီး Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာဟာ 8MP အရည်အသွေးရှိပါတယ်။

Performance

HiSilicon Kirin 950 octa-core processor က စွမ်းဆောင်ရည်မြင့်မားအောင် အလုပ်လုပ်ပေးမှာဖြစ်ပြီး Mate 8 မှာ 3GB RAM နဲ့ ဂရပ်ဖစ်  Mali-T880 MP4 တို့ကိုထည့်သွင်းထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ပါရှိပြီး micro SD နဲ့ 256GB အထိ မြှင့်တင်နိုင်ပါတယ်။ ဘက်ထရီကိုဖြုတ်/တပ်လို့မရနိုင်ဘဲ Li-Po 4000mAh ဘက်ထရီသုံးစွဲထားပြီး 3G Network မှာ Stand-by Time ၅၂၈ နာရီကြာ အသုံးခံနိုင်ပါတယ်။

Specification 

Display :   6.0 inches, IPS-NEO LCD capacitive touchscreen

 Memory :   32/64/128 GB, 3/4 GB RAM, microSD, upto 128GB 

Camera :   16 Megapixel, optical image stabilization, phase detection autofocus, dual-LED (dual tone) flash

 OS :   Android OS, v6.0 (Marshmallow)

 Phone :   09-259909991 (Huawei)

Price :   699,000/-



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246