မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Friday, July 22, 2016



စမတ်ဖုန်း display များတွင်အသုံးပြုနေသည့် Gorilla Glass ကို ဖန်တီးသော Corning ကုမ္ပဏီသည် ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်တိုမြို့တွင် ကျင်းပသောပွဲ၌ မျိုးဆက်သစ် အရာတစ်မျိုးကို မိတ်ဆက်ခဲ့သည်။ Gorilla Glass 5 သည် ယခင်မျိုးဆက်များထက် အမြင့်ပေများစွာမှ ပြုတ်ကျသည့်ဒဏ်ကို ခံနိုင်ရည်ရှိကြောင်း ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သည်။

Gorilla Glass 5 ကို အကြမ်းခံနိုင်ရန် အမြင့်မှပစ်ချ၍ စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း Corning ၏ ဒုဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာ ဂျွန်ဘေနီကပြောကြားခဲ့သည်။ ယခင်မျိုးဆက်များကို အိတ်ကပ်အမြင့် သို့မဟုတ် အနိမ့်မှ ပစ်ချ၍ စမ်းသပ်ခဲ့သည်။ Gorilla Glass 5 ကို အမြင့်ပေ ၁.၆ မီတာမှပစ်ချ၍ စမ်းသပ်ခဲ့သည်။ ထိုအမြင့်ပေတွင် Gorilla Glass 5 ၏ ရှင်သန်နိုင်စွမ်းမှာ ၈၀ ရာခိုင်နှုန်း ရှိသည်။

သို့သော်လည်း စမတ်ဖုန်းကုမ္ပဏီများအနေဖြင့် ဖုန်းဒီဇိုင်းနှင့် မှန်အထူ ထုတ်လုပ်မှုအပေါ် မူတည်ကြောင်း Corning က ထောက်ပြပြောဆိုခဲ့သည်။ ယခုနှစ်နှောင်းပိုင်းတွင် ဈေးကွက်အတွင်း ထွက်ရှိလာမည့် စမတ်ဖုန်းများတွင် Gorilla Glass 5 ပါဝင်လာမည် ဖြစ်ကြောင်း Corning ၏ နည်းပညာဆိုင်ရာ ဒုဥက္ကဋ္ဌ ဂျေမင်အာမင်ကပြောကြားခဲ့သည်။

Samsung, Lenovo, Motorola, Asus နှင့် LG ၏ display များတွင် Gorilla Glass ကို အသုံးပြုထားသည်။

Ref: Mashable
Credit-Internet Journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246