မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, July 20, 2016



ၾသစေၾတးလ်၊ ကေနဒါ၊ နယူးဇီလန်၊ စင်ကာပူ၊ အမေရိကန်နှင့် အင်္ဂလန်နိုင်ငံတို့ရှိ ကမ္ဘာ့အဆင့်မီထိပ်တန်း တက္ကသိုလ်များတွင် အင်ဂျင်နီယာ အထူးပြုဘာသာရပ်ဖြင့် ပညာသင်ကြားလိုသော မြန်မာကျောင်းသားများအတွက် နိုင်ငံတကာပညာရေး ဝန်ဆောင်မှုကုမ္ပဏီ AT&S (Oversea Education Consultancy Services) မှ သတင်းအချက်အလက်နှင့် ပညာရေးဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ်အား ဇူလိုင်လ ၃၀ ရက်၊ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ AT&S ရုံးခန်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဆွေးနွေးပွဲတွင် အင်ဂျင်နီယာအထူးပြု ဘာသာရပ်များဖြစ်သော Aerospace Engineering, Biomedical Engineering, Chemical and Process Engineering, Civil Engineering, Computer Engineering, Electrical and Electronic Engineering, Forest Engineering, Industry Engineering, Mechanical Engineering, Mechatronics Engineering, Natural Resources Engineering နှင့် Software Engineering အစရှိသည့် ဘာသာရပ်အမျိုးမျိုးအကြောင်း၊ မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူများ၊ GCE”O” Level သို့မဟုတ် IGCSE အောင်မြင်ပြီးသူများနှင့် နိုင်ငံတကာ အထက်တန်းကျောင်းများမှ ၁၂ တန်းအဆင့်ရှိ မြန်မာကျောင်းသားများအတွက် ဘာသာရပ် ရွေးချယ်မှုဆိုင်ရာများ၊ ထိပ်တန်းတက္ကသိုလ်များသို့ ဝင်ခွင့်ဆိုင်ရာ အချက်အလက် များ၊ ကျောင်းဝန်ဆောင်မှုပိုင်းဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတကာပညာရေး အခွင့်အလမ်းများနှင့် နိုင်ငံတကာ အလုပ်အကိုင် အခွင့်အလမ်းများကို AT&S ၏ နိုင်ငံတကာပညာရေးဆိုင်ရာ အတိုင်ပင်ခံနှင့် Operation Manager ဖြစ်သူ ဦးမျိုးသီဟမှ ဆွေးနွေးပေးမည်ဖြစ်သည်။

၎င်းအပြင် သက်ဆိုင်ရာနိုင်ငံအလိုက် SAT, GMAT နှင့် GRE တို့ မလိုအပ်ဘဲ တက်ရောက်နိုင်မည့် ပညာရေးလမ်းကြောင်းများ၊ ကျောင်းလျှောက်ရန် ပြင်ဆင်ထားရမည့် အချက်အလက်များ၊ ကျောင်းသားဗီဇာ လျှောက်ထားခြင်းဆိုင်ရာများ၊ ကျောင်းတက်ရောက်နေစဉ်အတွင်း ကျောင်းသားများရရှိနိုင်မည့် နိုင်ငံတကာ အတွေ့အကြုံများ စသည်တို့နှင့်အတူ ထူးချွန်ကျောင်းသားများအတွက် ပညာသင်ဆုလျှောက်ထားခြင်း အစီအစဉ်တို့ကိုလည်း တစ်ဦးချင်း အသေးစိတ် တိုင်ပင်ဆွေးနွေးပေးမည်ဖြစ်ရာ စိတ်ဝင်စားသူ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လိုသူများသည် AT&S ရုံးခန်း အမှတ်(၆၇)၊ ဘုန်းကြီးလမ်း (အောက်ဘလောက်)၊ လမ်းမတော်မြို့နယ်၊ ဖုန်း ၀၉-၇၇၇၂၂၃၂၂၅၊ ၀၉-၇၇၇၂၂၃၂၂၉ သို့ ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်မည်ဖြစ်သည်။

credit-internet journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246