မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, July 20, 2016



အွန်လိုင်းတွင် ရေပန်းစားလျက်ရှိသော Prisma သည် Android သုံးစွဲသူများတွက် beta ဗားရှင်း app ကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ လွန်ခဲ့သည့် ငါးပတ်ကျော်က iOS အတွက် ဖြန့်ချိခဲ့သော Prisma သည် နိုင်ငံပေါင်း ၄၀ ကျော်တွင် နံပါတ်တစ်နေရာ၌ ချိတ်နိုင်ခဲ့သည်။ Prisma app ကို download ပြုလုပ်သည့် အရေအတွက် ၇.၅ သန်းရှိပြီး နေ့စဉ်သုံးစွဲသူ ၁.၅ သန်းရှိသည်။

Prisma တွင် ဗီဒီယို feature အပါအဝင် ၃၆၀ ဒီဂရီ Prisma ဓာတ်ပုံများနှင့် နှစ်သက်ရာ ဓာတ်ပုံများကို ဒီဂျစ်တယ်အနုပညာအဖြစ် အသွင်ပြောင်းနိုင်သည့် စတိုင်လ်သစ်များအပြင် feature သစ်များစွာ ပါဝင်ကြောင်း ကုမ္ပဏီကို တွဲဖက်ဖန်တီးသူက The Next Web သို့ ပြောကြားခဲ့သည်။

Android သုံးစွဲသူများအနေဖြင့် Prisma beta ဗားရှင်းကို prism-ai.com တွင် မှတ်ပုံတင်၍ အသုံးပြုနိုင်မည်ဖြစ်သည်။ Prisma အနေဖြင့် ဇူလိုင်လ ၁၉ ရက်တွင် မှတ်ပုံတင်ထားသူများထံသို့ Android beta app အသုံးပြုခွင့်ပေးသွားမည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

Ref: TheNextWeb



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246