မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Thursday, June 2, 2016



ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT နှင့် ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် Facebook တို့ ပူးပေါင်း၍ MPT ကွန်ရက်ပေါ်တွင် Facebook စာမျက်နှာကို အတိုင်းအတာတစ်ခု အထိ အခမဲ့ အသုံးပြုခွင့်ပေးသွားမည်ဟု ၎င်းတို့က ပူးတွဲသတင်းထုတ်ပြန်ခဲ့သည်။

MPT ၏ ဆွေသဟာဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့်သာ အခမဲ့အသုံးပြုနိုင်သည့် အစီအစဉ်တွင် ပါဝင်ခွင့်ရရှိမည် ဖြစ်ပြီး အဆိုပါ အခမဲ့အသုံးပြုခွင့် အစီအစဉ်ကို အက်ပလီကေးရှင်းအသစ်များ ထည့်သွင်း အသုံးပြုရန်မလိုအပ်ဘဲ ဇွန်လ ၆ ရက်နေ့ မှစတင်၍ အလိုအလျောက် အသုံးပြုနိုင်လာမည်ဟု သိရသည်။

အခမဲ့အစီအစဉ်တွင် Facebook ပေါ်၌ Like, Comment, Post, Chat စသည်တို့ကို ပြုလုပ်ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ဓာတ်ပုံနှင့် ဗီဒီယိုများ တင်ဆက်ခြင်းနှင့် ကြည့်ရှုခြင်းကို ပြု လုပ်နိုင်မည် မဟုတ်ကြောင်း MPT က သတင်းထုတ်ပြန်ထားသည်။

ဆွေသဟာအသုံးပြုသူများ Facebook အသုံးပြုစဉ် Data Mode နှင့် Free Mode တို့ကို စိတ်ကြိုက်ရွေးချယ်၍ အခမဲ့နှင့် အခပေးအစီအစဉ်တို့ စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ချို့ယွင်းချက်အနေဖြင့် iOS အသုံးပြုသူများသည် အဆိုပါအစီအစဉ်ကို App အနေဖြင့် အသုံးပြုနိုင်မည် မဟုတ်ဘဲ Browser အနေဖြင့်သာ အသုံးပြုနိုင်မည်ဟု သိရသည်။

MPT နှင့် Facebook တို့သည် အခမဲ့ Facebook အသုံးပြုနိုင်သောအစီအစဉ်ကို Facebook Flex ဟု ခေါ်ဆိုခဲ့ပြီး လူမှုအကျိုးပြု အထောက်အကူဖြစ်စေသည့် အကြောင်းအရာများကို အခမဲ့ ဖတ်ရှုနိုင်မည့် အစီအစဉ်တစ်ခုကို Facebook Basics ဟု ခေါ်ဆိုခဲ့သည်။

Facebook Basics တွင် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများနှင့် ဝန်ဆောင်မှု ၃၅ မျိုး တို့ကို အခမဲ့ဖတ်ရှုနိုင်မည် ဖြစ်သည်။ MPT မှ မိတ်ဆက်ခဲ့သော Facebook Flex သည် Telenor မှ မိတ်ဆက်ခဲ့ဖူးသည့် Facebook 0 နှင့် အသွင်သဏ္ဍာန်တူညီကြောင်း သိရသည်။

credit>>>internet journal



အောင်မြင့်မြတ်(Myanmar Youths)