Facebook သည် Messenger တွင် emoji အသစ် ၁,၅၀၀ ထပ်မံထည့်သွင်းခဲ့ကြောင်း သိရသည်။ ကုမ္ပဏီအနေဖြင့် အဆိုပါကြေညာချက်ကို Messenger Facebook စာမျက်နှာတွင် ထုတ်ပြန်ကြေညာသွားခဲ့ပြီး emoji သစ်အမျိုးအစားများကိုလည်း ရှင်းလင်းဖော်ပြခဲ့သည်။
အဆိုပါ emoji သစ်များသည် ယမန်နှစ်က iOS တွင်ထည့်သွင်းခဲ့သော emoji များနှင့် ဆင်တူသည်။ Messenger သည် “အမျိုးသမီးရဲအရာရှိ၊ အပြေးသမား၊ လမ်းလျှောက်သူ၊ ရေလွှာလျှောစီးသူနှင့် ရေကူးသူ” အစရှိသည့် emoji များပါဝင်လာသည့် ပထမဆုံး platform ဖြစ်လာကြောင်း Facebook က ပြောကြားခဲ့သည်။ ဆက်လက်၍လည်း အနာဂတ်တွင် အမျိုးမျိုးသော emoji သစ်များစွာ ပါဝင်လာမည်ဟု သိရသည်။
ထို့အပြင် emoji များ ကိုင်တွယ်သည့် ပုံစံကို ပြောင်းလဲပေးမည် ဖြစ်ကြောင်း Facebook က ပြောကြားခဲ့သေးသည်။ ယခင်က သုံးစွဲသူအချို့သည် ၎င်းတို့အသုံးပြုနေသော ထုတ်ကုန်များတွင် ပါဝင်သော emoji ကို မြင်တွေ့ရသည်။ တချို့ကမူ Facebook ၏ကိုယ်ပိုင် emoji ကို မြင်တွေ့ရသည်။ ယခုအခါတွင် လူတိုင်းသည် Messenger emoji ကို မြင်တွေ့ရမည် ဖြစ်သည်။
Messenger တွင် platform များအားလုံးအတွက် emoji picker သစ်ပါဝင်လာသည်။ ၎င်း picker သည် သုံးစွဲသူ၏ ဘယ်ဘက်ခြမ်းတွင် တည်ရှိပြီး iOS တွင်ပါဝင်သော emoji picker နှင့်ဆင်တူသည်။
Emoji အသစ် ၁,၅၀၀ ကို အသုံးပြုနိုင်ရန်အတွက် App Store တွင် Facebook Messenger နောက်ဆုံးဗားရှင်းကို ရယူပြီး download ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။
Ref: 9to5Mac
Tags:
FacebookMessenger
အောင်မြင့်မြတ်(Myanmar Youths)