မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Monday, May 23, 2016



တရုတ်ကုမ္ပဏီ Xiaomi သည် ဒရုန်းစီးပွားရေး လုပ်ငန်းအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေပြီး အသေးစိတ် အချက်အလက်ကို မေလ ၂၅ ရက်တွင် သိရှိရမည်ဟု ကုမ္ပဏီ၏ ဖိုရမ်များ၌ ထွက်ပေါ်လာခဲ့သည့် ကြော်ငြာတစ်ခုအရ သိရသည်။

တရုတ်ဘာသာဖြင့် ဖြန့်ချိထားသော ပိုစတာများတွင် အရုတ်ပန်ကာတစ်ခုနှင့်အတူ မေလ ၂၅ ရက် ဒေသစံတော်ချိန် ည ၇ နာရီတွင် မိတ်ဆက်ကြေညာမည်ဟု ဖော်ပြထားသည်။



ယခင်က ပေါက်ကြားထွက်ပေါ်လာခဲ့သော သတင်းများအရ အဆိုပါဒရုန်းကို ဝတ်ဆင်နိုင်သော ထုတ်ကုန်တစ်ခုမှတစ်ဆင့် ထိန်းချုပ်နိုင်ဖွယ်ရှိပြီး 4K ဗီဒီယိုရိုက်ကူးရေးကို ထောက်ပံ့ပေးထားကြောင်း သိရသည်။ ထို့အပြင် ကောလာဟလ သတင်းများတွင် ဒရုန်းကို စွမ်းဆောင်ရည်မြင့် ထုတ်ကုန်တစ်ခုအဖြစ် တွေ့မြင်ရဖွယ် ရှိသည်ဟု ဖော်ပြထားသောကြောင့် ယခုအချိန်တွင် ဈေးသက်သာသော Xiaomi ဒရုန်းတစ်ခုအနေဖြင့် တွေ့မြင်ရဖွယ် မရှိကြောင်း သိရသည်။

Ref: TheNextWeb



အောင်မြင့်မြတ်(Myanmar Youths)