
၅ လက်မ AMOLED, 13MP ကင်မရာနှင့်
သတ္တုကိုယ်ထည်ပါဝင်သည့် Huawei Enjoy 6
Xiaomi Redmi 3 နှင့် ယှဉ်ပြိုင်မည့် Enjoy 6 စမတ်ဖုန်းကို Huawei က တရုတ်နိုင်ငံတွင် တရားဝင်မိတ်ဆက်ခဲ့သည်။ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားသော အဆိုပါစမတ်ဖုန်းတွင် ၅ လက်မ AMOLED screen (720p resolution) ပါဝင်ပြီး ကျောဘက်၌ လက်ဗွေဖတ်စနစ်တစ်ခု တပ်ဆင်ပေးထားသည်။
၎င်းတွင် MediaTek MT6750 chipset (octa-core CPU) နှင့် 3GB RAM ကိုအသုံးပြုထားပြီး သိုလှောင်မှုပမာဏက 16GB ဖြစ်သည်။ MicroSD slot တစ်ခုပါဝင်သောကြောင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သည်။ Enjoy 6 ကို Android 6.0 Marshmallow နှင့် Emotion UI 4.1 ဖြင့် အသုံးပြုနိုင်သည်။
ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး selfie ကင်မရာက 5MP ဖြစ်သည်။ Dual-SIM ဖုန်းဖြစ်ပြီး 4G LTE နှင့် VoLTE အထောက်အပံ့ ပါဝင်သည်။ ဘက်ထရီက 4,100mAh ဖြစ်သည်။
Huawei Enjoy 6 ကို နိုဝင်ဘာလ ၁ ရက်တွင် ယွမ် ၁,၃၀၀ (၁၉၀ ဒေါ်လာ) ဖြင့် ရောင်းချမည်ဖြစ်သည်။ တရုတ်နိုင်ငံပြင်ပတွင် ရောင်းချမည့်အစီအစဉ်ကိုမူ Huawei က ပြောကြားခဲ့ခြင်းမရှိပေ။
Credit – Internet Journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
6:32 PM
in 