Vivo သည် ဖုန်းအသစ်နှစ်မျိုးအားထပ်မံမိတ်ဆက်ပေးခဲ့ပြီး Vivo X6 နှင့် X6 Plus တို့ဖြစ်ကာ ပြင်ပဒီဇိုင်းများ အားလုံးတူညီသည်ဟုသိရသည်။ သတ္တုကိုယ်ထည်မှာ လှပစွာပြုလုပ်ထားပြီး ရွှေ၊ ငွေနှင့် ပန်းရောင်တို့ရရှိနိုင် ကာ ဒီဇိုင်းအရ ကျေနပ်မှုရစေနိုင်မည်ဖြစ်သည်။
ဖုန်းနှစ်လုံးစလုံးတွင် အထူးကောင်းမွန်သော audio hardware များပါဝင်ပြီး ယခင်မျိုးဆက်များထက် ပိုမို ကောင်းမွန်စေရန်ဖန်တီးထားသည်။ သေးငယ်သော X6S တွင် AKM 4375 32 bit DAC ပါဝင်ပြီး X6S Plus တွင် ES9028 DAC အား YAMAHA YSS 205 X audio processor အတွင်း၌ တွေ့ကြရသည်။ သို့သော် အဆင့်မြှင့်တင်မှုများမှာ အသံပိုင်း သီးသန့်သက်သက်မဟုတ်ဘဲ 2015 model တွင် တွေ့ခဲ့ရသော MedicTek MT6752 processor အား ယခုအခါတွင် Qualconn Snapdragon 652 ဖြင့် အစားထိုးခဲ့သည်။ Snapdragon 652 တွင် စွမ်းရည်မြင့် Cortex A72 core ၄ ခုနှင့် A53 core ၄ ခုတို့ပါဝင်ကာ ဂရပ်ဖစ်မှာ Adreno 520 ဖြစ်သည်။ Display မှာ 5.2" နှင့် 5.7" တို့အသီးသီးရှိကြပြီး Full HD Super AMOLED အမျိုးအစားဖြစ်သည်။ RAM 4GB နှင့် storage မှာ 32GB, 64GB တို့ အသီးသီးပါဝင်ကြသည်။ ကျောဘက်တွင် Fingerprint sensor ကိုတွေ့ရမည်ဖြစ်ပြီး X6 Plus တွင် ကင်မရာအား 16MP တိုးမြှင့်ခဲ့ကာ phase detection autofocus ပါဝင်ပြီး ၀.၆ စက္ကန့်ထိ မြန်ဆန်မှုရှိသည်။ X6S သည် ဒေါ်လာ ၄၀၀ နှင့် X6S Plus သည် ဒေါ်လာ ၄၇၀ ၀န်းကျင်ရှိ ကြောင်း သိရသည်။
အောင်မြင့်မြတ်(Myanmar Youths)