မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Saturday, April 30, 2016

Samsung ဖုန်းတွေကို Firmware'ပြန်တင်မယ်ဆိုရင် သူ့အော်ရီဂျင်နယ်ဆိုဒ်က Region မှန်တဲ့ Firmware'ကိုဒေါင်းလော့ဆွဲပြီးပြန်တင်မှ 100% စိတ်ချရပါတယ် ...

ပထမအချက်အနေနဲ့ Samsung ဖုန်းတွေရဲ့ Firmware ကိုဒေါင်းလော့ဆွဲမယ်ဆိုရင် Firmware ပြန်တင်မယ့်ဖုန်းရဲ့ Region ကိုသိဖို့လိုပါမယ်.
Region ကြည့်နည်းမသိသေးတဲ့ညီအကိုတွေအနေနဲ့ ဖုန်းကို Power & Vol± & Home Key တွေကိုပြိုင်တူနှိပ်ပြီး Recovery mode ကိုဝင်လိုက်ပါ . Recovery mode ထဲကိုရောက်သွားတဲ့အခါ CSC Code : ဆိုတဲ့နောက်မှာ Region code ကိုတွေ့နိုင်ပါတယ် . Samsung Firmware'ဒေါင်းနည်းစာအုပ်ထဲကပုံ (၁) မှာပြပေးထားပါတယ် .. ဒါကအလွယ်ကြည့်နည်းပေါ့ဗျာ ...
တချို့ဖုန်းတွေဆိုရင်ကျွန်တော်ပြထားတဲ့နည်းနဲ့ Recovery mode ကိုဝင်ပြီးကြည့် Region ကြည့်လို့မရဖြစ်နေတတ်ပါတယ် . အဲဒါဆိုရင်တော့အခြားနည်းလမ်းတွေနဲ့ Region ကြည့်နိုင်ပါတယ် . အောက်ကလင့်မှာဝင်ပြီးလေ့လာပေးပါ

Firmware ကျကျ ၊ မကျကျ Samsung အားလုံးကို Region 100% မှန် ရွေးနည်း


Region ရပြီဆိုရင် SAMMOBILE Account လုပ်ပြီးတော့ Samsung firmware ဒေါင်းလော့ဆွဲနည်းကိုဆက်ပြီးလေ့လာပေးပါ ...

www.sammobile.com မှာသူ့အော်ရီဂျင်နယ် Firmware ကိုဒေါင်းလော့ဆွဲဖို့အတွက် Sammobile Account လိုပါမယ် .

Sammobile Account လုပ်နည်းနဲ့ Firmware'ဒေါင်းနည်းကိုလည်းပုံတွေနဲ့အသေအချာပြပေးထားပါတယ် . PDF မှာပုံတွေက ၂၅ ပုံပါတဲ့အတွက်ဆိုဒ်မှာပုံတွေအတိုင်းတင်ဖို့ကျွန်တော့်အတွက်အဆင်မပြေပါဘူး .အဲဒီတော့ PDF ဒေါင်းပြီးတော့လေ့လာပေးပါ .PDF ကိုအောက်ကလင့်မှာဒေါင်းယူသွားနိုင်ပါတယ် ..

Samsung Firmware ဒေါင်းနည်းစာအုပ်ဒေါင်းရန်
DOWNLOAD





ကျွန်တော်တင်တဲ့ပို့စ်မှန်သမျှကိုအကြိုက်တူရင် Credit မပေးပဲနဲ့ပြန်တင်နိုင်ပါတယ်.ကျွန်တော့်နံမည်လည်းဖြုတ်ချခဲ့နိုင်ပါတယ် . ဒေါင်းလော့လင့်တွေကို adf.ly တွေတော့မခံကြပါနဲ့လို့တောင်းပန်ပါရစေ ...



နည်းပညာမျှဝေနေသူများနဲ့လေ့လာနေသူများအားလုံးကိုအစဉ်လေးစားလျက် .....

ဇော်မျိုးထက်
www.mmitfamily.com