မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Monday, April 25, 2016



အရည်အသွေးမြင့်မား၍ အဆင့်မြင့်နည်းပညာ 

များဖြင့် ဖန်တီးထုတ်လုပ်ထားသော 

Samsung Galaxy On7 အား ဈေးကွက်

အတွင်းမရောင်းချမီ Samsung အွန်လိုင်းစတိုးဖြစ်သည့်

www.s-estoremyanmar.com တွင်ကြိုတင်

မှာယူစနစ်ဖြင့် စတင်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း 

ဧပြီ ၂၂ ရက် က သတင်းထုတ်ပြန်လိုက်သည်။

     ကြိုတင်မှာယူလိုသူများအနေဖြင့် ဧပြီလ ၂၅

ရက်နေ့ မှ မေလ ၁ ရက်နေ့အတွင်း 

ကြိုတင်မှာယူ နိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး

အတိုင်းအတာဖြင့် ပစ္စည်းများအား မေလ ၃ ရက်နေ့မှ

၅ ရက်နေ့အတွင်း ပို့ဆောင်ပေးမည်ဖြစ်ပါသည်။

ကြိုတင်မှာယူသုံးစွဲသူများအနေဖြင့်

ဈေးကွက်အတွင်းမရောင်းချမီ ပစ္စည်းအား

လက်ခံရရှိနိုင်မည်ဖြစ်ကာ အိမ်တိုင်ရာရောက် 

အခမဲ့ပို့ဆောင်ပေးခြင်း၊ 5,000 mAh powerbank 

အလုံး ၁၀၀ အားအစီအစဉ်သစ်တစ်ခုဖြင့်

ကြိုတင်မှာယူသူများအား ရွေးချယ်ကံစမ်းမဲ

ဖောက်ပေးခြင်း အစရှိသည့် အထူးခံစားခွင့်များအား

ရရှိခံစားနိုင်မည် ဟုသိရသည်။ အဆိုပါ

ကံစမ်းမဲ ဖောက်ပေးမည့်အစီအစဉ်အကြောင်း

အရာနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက 

Samsung Mobile Myanmar Facebook Page တွင်

သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

    Galaxy On7 အား ကျယ်ဝန်းသည့် ၅” 

အရွယ်အစားရှိမျက်နှာပြင်နှင့်အတူ ပါး

လွှာသေးသွယ်သည့် ကိုယ်ထည်ဒီဇိုင်းဖြင့် 

ဖန်တီးထားပြီး အဆင့်မြင့် ကင်မရာ

လုပ်ဆောင်ချက်များ ပါဝင်သည့် 13 MP rear camera

နှင့် Selfie ဓာတ်ပုံလှလှများရိုက်ကူးရန် 

5MP front camera လည်းတပ်ဆင်

ပေးထားသည်။ ဆင်းမ်ကဒ် နှစ်ကဒ်ထည့်သွင်း

အသုံးပြုနိုင်မည်ဖြစ်ပြီး ဘက်ထရီမှာ 3000mAh 

(removable)  ဖြစ်ပါသည်။ အရောင်

အနေဖြင့် အနက်ရောင် နှင့် ရွှေရောင်

နှစ်မျိုးရွေးချယ်နိုင်မည် ဖြစ်ပြီး ရောင်းချမည့်

ဈေးနှုန်းမှာ ၂၂၅၀၀၀ ကျပ် ဖြင့် 

ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

                                    

                         ကောင်းမြတ်ရာ



အောင်မြင့်မြတ်(Myanmar Youths)