လက်ရှိသုံးစွဲနေသူ မိဘပြည်သူများအတွက် ၂၀၁၅ ခုနှစ်တွင် အကျော်ကြားဆုံးနှင့် လူကြိုက်အများဆုံး အောင်မြင်ခဲ့သည့် “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ်ကို နောက်တစ်ကြိမ် ပြန်လည်စတင်မည်ဖြစ်သည်။ မိနစ် ၆၀ ဆက်တိုက် ဖုန်းခေါ်ဆိုသူများသည် ပထမဆုံး ၅ မိနစ်အတွက်သာ တစ်မိနစ် ၂၃ ကျပ်နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး ကျန်ခေါ်ဆိုချိန် ၅၅ မိနစ်ကို အခမဲ့ရရှိမည်ဖြစ်သည်။ မိနစ် ၆၀ ထက်ကျော်လွန်၍ ဖုန်းခေါ်ဆိုမှုများအတွက် မူလသတ်မှတ်ဈေးနှုန်းဖြစ်သည့် တစ်မိနစ် ၂၃ ကျပ်ဖြင့် ဆက်လက်ကောက်ခံမည်ဖြစ်သည်။ ဖုန်းတစ်ကြိမ်ခေါ်ဆိုတိုင်း အခမဲ့ဖုန်းခေါ်ဆိုချိန်ကို ပထမဆုံး ၅ မိနစ်ခေါ်ဆိုပြီးမှသာ စတင်သတ်မှတ်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှုတစ်ကြိမ်အတွက် အများဆုံး ၅၅ မိနစ်စာအတွက်သာ အခမဲ့ရရှိမည်ဖြစ်သည်။MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr. Takashi Nagashima က “လက်ရှိမှာ အသုံးပြုနေသူတွေကိုလည်း တစ်နာရီကြာတဲ့ထိ ဖုန်းပြောတာတောင်မှ ၁၁၅ ကျပ်ပဲ ကျသင့်မယ့် ဒီအခွင့်အရေးကိုထပ်ပေးချင်ပါတယ်” ဟု ပြောသည်။ ဤအထူးအစီအစဉ်သည် MPT GSM/WCDMA ဆွေသဟာအစီအစဉ်အသုံးပြုသူတိုင်းအတွက် အလိုအလျောက် အကျုံးဝင်မည်ဖြစ်ပြီး မည်သည့် လျှောက်ထားမှုမျှပြုလုပ်ရန်မလိုပါ။ အခြေခံဖုန်းခေါ်ဆိုစနစ်ကို အသုံးပြုသူများအနေဖြင့် ဤအစီအစဉ်ကိုအသုံးပြုလိုပါက 1332 သို့ “SWE” ဟု အခမဲ့စာတိုပေးပို့ကာ လျှောက်ထားရယူနိုင်ပြီး (postpaid အသုံးပြုသူများအတွက်မူ “POSTSWE” ဟုပေးပို့ရန်ဖြစ်သည်)။ ဤအစီအစဉ်ကို ၂၀၁၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ အထူးအစီအစဉ်ဖြင့်(လိုင်းဖုန်းများအပါအဝင်) MPT နံပါတ်အချင်းချင်းသာခေါ်ဆိုနိုင်မည်ဖြစ်ပြီး pre-paid နှင့် post-paid နှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင်သည်။ ဤအစီအစဉ်အတွက် ၅၅မိနစ်စာ အခမဲ့ ဖုန်းခေါ်ဆိုမှုကို ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်းကလွဲ၍ နေ့တစ်နေ့၏ ကျန်အချိန်များအတွင်းတွင် ခေါ်ဆိုနိုင်သည်။ ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း ဖုန်းခေါ်ဆိုပါက မူလသတ်မှတ်ဈေးနှုန်းဖြစ်သည့် တစ်မိနစ်၂၃ ကျပ်ဖြင့် ကောက်ခံမည်ဖြစ်သည်။ အခမဲ့ စကားပြောဆိုချိန်များ အတွက် တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှုကို အကြိမ်အရေအတွက်ကန့်သတ်ထားခြင်းမရှိဘဲ သုံးစွဲသူစိတ်ကြိုက် ဖုန်းခေါ်ဆိုမှုများစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။လက်ရှိတွင် MPT မှ သုံးစွဲသူ ၁၉ သန်းကျော်ရရှိနေပြီဖြစ်ပြီး အများစုမှာ ဆွေသဟာအစီအစဉ်ကို သုံးစွဲနေကြသူများ ဖြစ်သည်။ ဤ “နာရီတိုင်းမှာ ၅ မိနစ်စာ”အစီအစဉ်ကြောင့် သုံးစွဲသူများသည် တစ်မိနစ် ၂၃ ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ဖုန်းခေါ်ဆိုနိုင်ပြီး အသံကြည်လင်မှုနှင့် အင်တာနက်သုံးစွဲမှုမြန်ဆန်ရာတွင်လည်း အကောင်းဆုံး 3G ဝန်ဆောင်မှုကို ရရှိနိုင်မည် ဖြစ်သည်။
အောင်မြင့်မြတ်(Myanmar Youths)
Friday, March 11, 2016
10:10 AM
in knowledges by Myanmar Youths Technology Group
