မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, March 9, 2016

တစ်နေ့တခြားတိုးပွားလာတဲ့ဘဝတူနည်းပညာလေ့ရှာဖွေသူတွေနဲ့ ColorNote ကိုဘယ်လိုသုံးရမလဲ၊ColorNote အသုံးပြုနည်းတင်ပေးပါဆိုသူတွေအတွက် ColorNote အသုံးပြုနည်းကိုကျွန်တော်အသုံးပြုတတ်သလောက်ရေးပြထားပါတယ်.အားလုံးနားလည်လွယ်အောင်လို့အတတ်နိုင်ဆုံးကြိုးစားပြီးပုံလေးတွေနဲ့ရေးပြထားပါတယ်ဗျာ.တချို့နေရာလေးတွေမှာပုံတွေများနေမှာစိုးတဲ့အတွက်လိုရင်းကိုပဲပြပေးထားပါတယ်... အသုံးပြုတတ်မယ်ဆိုရင်အသုံးပြုတတ်သလောက်အကျိုးရှိပါတယ် . ကျွန်တော်ကတော့ Blog နဲ့ ကျွန်တော်ရဲ့ Fb page မှာစာတွေအများကြီးရေးပြီးတင်မယ်ဆိုရင် ColorNote မှာစိတ်ကြိုက်စာစီပါတယ်.ပြီးမှ Copy ယူပြီး Blog နဲ့ Fb page တွေမှာတင်ပါတယ် ... ဒီနည်းက အချိန်ကုန်သက်သာသလိုအမှားလည်းနည်းနိုင်တဲ့နည်းပါ၊ပြီးတော့ ဒေါင်းလော့လင့်တွေကိုလည်း ColorNote မှာကျွန်တော်မှတ်သားပါတယ် . ခင်ဗျားတို့သိချင်နေတဲ့လင့်ချနည်းဆိုတာ ColorNote ထဲမှာမှတ်သားထားတဲ့လင့်တွေကို Copy ယူပြီး Fb က Comment တွေမှာချပေးတာပါပဲ ...ColorNote ရဲ့အသုံးဝင်ပုံတွေကို အခုတင်ပေးထားတဲ့ pdf လေးတွေကိုကြည့်ပြီးရင်သဘောပေါက်ကြမှာပါ ...
Screen shot ပုံပေါင်း ၅၀ ရှိတဲ့အတွက် pdf ပြုလုပ်ရာမှာတစ်စုတစည်းတည်းလုပ်လို့အဆင်မပြေတာနဲ့အပိုင်းလေးတွေခွဲပြီးပြုလုပ်ပေးထားပါတယ် ...

အခုတင်ပေးလိုက်တဲ့ pdf/စာအုပ် တွေထဲမှာ ...

၁။ColorNote မှာစာများရေးမှတ်နည်း
၂။ColorNote မှာလင့်တွေသိမ်းဆည်းနည်း
၃။ColorNote ထဲမှာမှတ်သားထားသမျှကို Backup & Restore ပြုလုပ်နည်း
၎။ ColorNoteထဲမှာမှတ်သားထားသမျှကို Online ပေါ်မှာ Backup & Restore ပြုလုပ်ထားနည်း
၅။ ColorNote မှစာများကို Copy , paste ပြုလုပ်ပြီး Fb နဲ့အခြားနေရာများမှာပြန်မျှနည်း
၆။ColorNote ထဲကမှားဖျက်မိတဲ့စာတွေနဲ့လင့်တွေကိုပြန်ယူနည်း

ဆိုတဲ့နည်းလမ်းတွေကိုလေ့လာရမှာပဲဖြစ်ပါတယ် ..

pdf/စာအုပ်တွေကိုအောက်ကလင့်တွေမှာဒေါင်းလော့ဆွဲသွားနိုင်ပါပြီ .....


ColorNoteအသုံးပြုနည်းအပိုင်း(၁)
https://my.pcloud.com/publink/show?code=GQQctalK


ColorNoteအသုံးပြုနည်း(၂)
https://my.pcloud.com/publink/show?code=HYQctalK


ColorNoteအသုံးပြုနည်း(၃)
https://my.pcloud.com/publink/show?code=gYQctalK


ColorNoteအသုံးပြုနည်း(၄)
https://my.pcloud.com/publink/show?code=qQQctalK


ColorNote ထဲကမှားဖျက်မိတဲ့စာတွေလင့်တွေပြန်ယူနည်း
https://my.pcloud.com/publink/show?code=cmQctalK

pdf/စာအုပ်တွေကို တစ်စုတစ်စည်းထဲရယူချင်သူတွေအတွက် zip ချုံ့ပြီးတင်ပေးထားပါတယ် .(zip ဖြည်နည်းကတော့ ဒေါင်းလော့ဆွဲလို့ရလာတဲ့ zip ကိုဖိထားပါ Extract ကိုနှိပ်ပြီး Ok ပေးလိုက်ရုံပါပဲ

ColorNoteအသုံးပြုနည်းအပြည့်အစုံ zip(3.4MB)
https://my.pcloud.com/publink/show?code=hbQctalK




ကျွန်တော်တင်တဲ့ပို့စ်မှန်သမျှကိုအကြိုက်တူရင်လွပ်လပ်စွာနဲ့ Share နိုင်ပါတယ်၊Credit မပေးပဲနဲ့လည်းပြန်တင်နိုင်ပါတယ် .. တကယ်လိုအပ်သူတွေလက်ထဲရောက်သွားရင်ကျေနပ်ပါပြီ . ဒေါင်းလော့လင့်တွေကို adf.ly တွေတော့မခံပါနဲ့လို့တော့အနူးအညွှတ်တောင်းပန်ပါတယ် .....





နည်းပညာမျှဝေနေသူများနဲ့လေ့လာနေသူများအားလုံးကိုအစဉ်လေးစားလျှက် .....

ဇော်မျိုးထက်
www.mmitfamily.com
www.facebook.com/zawmyohtetithelper