ဖုန်းကို ပျက်စီးစေတဲ့အချက်များထဲမှာ app များ ဒေါင်းလုဒ် ရယူခြင်းလည်း ပါဝင်တယ်။ အချို့ app တွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆော့ဝဲလ်တွေ ပါနိုင်ပါတယ်။ စိစိစစ်စစ်ရှိကို ရှိရပါမယ်။ မိမိဖုန်းကို ပျက်စီးစေတဲ့ အဓိကအရာတွေကတော့
နေရောင်ခြည်နဲ့ထိတွေ့ခြင်း
ဖုန်းကို နေပူထဲ ဘယ်တော့မှ မထားခဲ့ပါနဲ့။
ဘောင်းဘီနောက်ကျောအိပ်ကပ်ထဲ ထည့်သိမ်းထားခြင်း
နောက်ကပ်ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတာဟာ ထိုင်ရင် ဖုန်းကို ကွေးသွားစေနိုင်ပါတယ်။
ဈေးပေါပေါဖြင့်ရသော အားသွင်းကြိုးများ
အဲဒီလိုအားသွင်းကြိုးအများစုက ပါဝါကို လိုသလောက် မဖြည့်ပေးနိုင်ပါဘူး။ တချို့ဆိုရင် ဘေးကင်းလုံခြုံမှုအပိုင်းကို လုံးဝထည့်သွင်းမထားတာပါ။
ဖုန်းကို တစ်ချိန်လုံးဖွင့်ထားခြင်း
ဖုန်းကို အနားမပေးဘဲ အဆက်မပြတ် အသုံးပြုခြင်းက ဘက်ထရီကို ပျက်စီးစေပါတယ်။
တခြားပစ္စည်းများနဲ့အတူ ရောပြီး ထည့်သိမ်းထားခြင်း
သော့တွဲများ၊ အကြွေစေ့တွေ စတာတွေနဲ့ အိတ်ကပ်ထဲ ထည့်သိမ်းထားပါက ဖုန်းမှာ ခြစ်ရာတွေ ဖြစ်စေနိုင်ပါတယ်။
Credit – Trend Myanmar

အောင်မြင့်မြတ်(Myanmar Youths)
Thursday, March 10, 2016
12:42 AM
in knowledges by Myanmar Youths Technology Group
