မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Monday, March 7, 2016

ဖေ့စ်ဘွတ်ခ်ကို အချိန်အများအပြား နေ့စဉ် အလွန်အကျွံသုံးခြင်းက စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သုတေသနတွေက ဖော်ပြထားပါတယ်။ ဖေ့စ်ဘွတ်ခ်ကြောင့် အိပ်ရေးပျက်တာ၊ သူငယ်ချင်းအချင်းအချင်း မနာလိုစိတ်ဖြစ်တာ အပါအဝင် အခြား စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်တွေလည်း အများအပြား ရှိနေပါတယ်။

ဖေ့စ်ဘွတ်ခ်သုံးတာကို ခဏလောက်ဖြစ်ဖြစ် ရပ်နားသင့်တဲ့ အကြောင်းရင်း အချို့ကို ဖော်ပြထားပါတယ်။

၁။ အိပ်ရေးပျက်တယ်



ဖေ့စ်ဘွတ်ခ်ကို တစ်ချိန်လုံးသုံးနေသူတွေဟာ အိပ်စက်မှု အလေ့အထ ကမောက်ကမ ဖြစ်နိုင်ကြောင်း သုတေသနတွေက ဖော်ပြထားပါတယ်။

ဖေ့စ်ဘွတ်ခ်ကို အိပ်ယာထဲရောက်ချိန်အထိ မကြာခဏ ဖွင့်ကြည့်နေမိရာက တော်တော်နဲ့မအိပ်ဖြစ်တော့ဘဲ အိပ်ရေးပျက်တဲ့ အခြေအနေ ဖြစ်စေပါတယ်။

၂။ စိတ်ဓာတ်ကျစေတယ်



ဖေ့စ်ဘွတ်ခ်ကို အချိန်အများကြီး အသုံးပြုသူတွေဟာ မနာလိုစိတ်တွေ ဖြစ်လာတတ်ကြောင်း ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ သုတေသနတစ်ခုက ဆိုပါတယ်။

ကိုယ့်ထက်သာသူတွေရဲ့ ဖေ့စ်ဘွတ်ခ် ပို့စ်တွေကို လိုက်ကြည့်ရင်းက မနာလိုစိတ်တွေ ဖြစ်လာရာမှတစ်ဆင့် စိတ်ဓာတ်ကျမှု ခံစားရစေပါတယ်။

၃။ ဖုန်းဘက်ထရီအားကုန်တယ်



ဖေ့စ်ဘွတ်ခ်ရဲ့ Android နဲ့ iPhone App တွေက စမတ်ဖုန်းဘက်ထရီကို အားကုန်တာ မြန်စေပါတယ်။

ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကလည်း ပြောထားပါတယ်။ ဖုန်းထဲမှာ ရှိနေတဲ့ ဖေ့စ်ဘွတ်ခ် App ကို ဖယ်ရှားလိုက်ရင် ဘက်ထရီအား ကြာရှည်ခံမှု ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာပါတယ်။

၎။ ချစ်မှုရေးရာမှာ ပြဿနာဖြစ်စေတယ်



ဆိုရှယ်နက်ခ်ဝပ်တွေက ဝေးကွာနေသူတွေကို နီးကပ်စေတယ်လို့ ဆိုနိုင်ပေမယ့် အသုံးမတတ်ခဲ့ရင်တော့ အိမ်ထောင်ရှင်တွေကြားက ဆက်ဆံရေးကို ပြဿနာဖြစ်စေတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

အိမ်ထောင်ရှင်တွေသာမက ချစ်သူတွေကြားမှာလည်း တူနှစ်ကိုယ်ရှိနေချိန်မှာ တစ်ယောက်ယောက် ဖေ့စ်ဘွခ်နဲ့သာ အလုပ်ရှုပ်နေရင် အဆင်မပြေနိုင်တာ သေချာပါတယ်။

၅။ စောင့်ကြည့်ပုံဖော်နိုင်တယ်



ဖေ့စ်ဘွတ်ခ်မှာ Like၊ Comment၊ Share၊ Status စတဲ့ အသုံးပြုသူတစ်ဦးရဲ့ လှုပ်ရှားပြုမူတဲ့ အချက်အလက်တွေက သူ့ရဲ့ အပြုအမူနဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းသိရှိနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဒါ့ပြင် ဖေ့စ်ဘွတ်ခ်ပေါ်က လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး လူတစ်ယောက်ရဲ့ အပြုအမူကို စောင့်ကြည့်နိုင်သလို သူဟာ ဘယ်လိုပုံစံ ဖြစ်မယ်ဆိုတာလည်း ပုံဖော်နိုင်တယ်လို့ ဆိုပါတယ်။

၆။ အိပ်ချိန် နိုးချိန်ကို သိနိုင်တယ်



ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားတဲ့ အချိန်မှတ်သားမှု စနစ်အရ ဖေ့စ်ဘွတ်ခ်ကို တစ်ချိန်လုံး သုံးနေသူတစ်ယောက်ဟာ ဘယ်အချိန်မှာ အိပ်ယာဝင်ပြီး အိပ်ပျော်သွားပြီးဆိုတာ သိနိုင်သလို ဘယ်အချိန်မှ အိပ်ယာက နိုးလာပြီဆိုတာလည်း သိနိုင်ကြောင်း ဆော့ဖ်ဝဲ ပညာရှင်တစ်ဦးက အခိုင်အမာ ပြောထားပါတယ်။

Credit – Duwun







အောင်မြင့်မြတ်(Myanmar Youths)