Java အား Online မှ Download ရယူနည်းနှင့် Program အား ကွန်ပျူတာ အတွင်း လည်ပတ်စေခြင်း
Java Language သည် Java ကုဒ်များဖြင့် တည်ဆောက်ထားသော Program တစ်ခုဖြစ်သည်။ ကွန်ပျူတာသည် အင်မတန်ရှုပ်ထွေးသော Machine Language များကိုသာ သိသည်။ထို့ကြောင့် ကျွန်တော်တို့ရေးသား ထားသော Java ကုဒ်များကို မသိပေ။ ထိုကြောင့် ရေးသားထားသော Java ကုဒ်များကို Machine Language အဖြစ်ပြောင်းလဲရန်အတွက် အွန်လိုင်းမှ JDK Software အား ရယူရမည်ဖြစ်ပါသည်။ ရယူပုံကို တစ်ဆင့်ချင်းလိုက် လုပ်ကြည့်ပါ။
1. FireFox --- Google --- Java.Sun.Com --- Oracle Techonology Network For Java Development --- Software Download --- Top Download --- Java Se --- Java Platform Standard Edition --- Java SE 7 U 17 ကို Download လုပ်ပါမည်။ထို့အတွက် သူ့ဘေးနားမှာရှိသော JDK ကို Download ဆွဲ ပါမယ်။ ထို့ကြောင့် JDK အောက်က Download ခလုပ်ကိုနှိပ်ပါ။အခြား Application များစွာရှိပါသည်။မှားမနှိပ်မိစေရန် အထူးဂရုပြုပါ။
2. Download ရယူမည့် စာမျက်နှာပြောင်းသွားမည်။ ထိုအခါ အောက်သို့ အနည်းငယ်ဆင်းကြည့်ပါက Java SE Development Kit 7 U 17 Box တွင် License Agreement လုပ်ရပါမယ်။ထိုကြောင့် Accept License Agreement ကိုရွေးပါ။ ပြီးလျှင် မိမိကွန်ပျူတာရဲ့ Window ပေါ်မူတည် ပြီး Download ရယူရမှာဖြစ်ပါတယ်။ဒီနေရာမှာ Window အများကြီး အတွက် ပေးထားပါတယ်။Linux,Mac, Window စသည်ဖြင့်ပါ။ ကျွန် တော့်ကွန်ပျူတာက Window ဖြစ်တဲ့အတွက် Window နေရာကိုသွား ပါ။ Window နေရာမှာ Window 86 နဲ့ Window 64 ဆိုပြီး နှစ်ခုတွေ့ရ မည်။ Window 64 သည် 64 bit အတွက်ဖြစ်ပြီး Window 86 မှာ Window 32 အတွက်ဖြစ်ပါသည်။ ကိုယ့်ရဲ့ System အလိုက် Link ကို နှိပ်လိုက်ပါ။
3. ထိုအခါ Save File ပေါ်လာမည် --- Saveပါ ပြီးလျှင် မိမိ Save ထား သော File အား လိုက်ရှာပါ။ ---JDK 7u7 window 1586 --- ကလစ်နှစ်ချက်နှိပ်ပါ --- ပေါ်လာတဲ့ Box သည် ကွန်ပျူတာကို အပြောင်းအလဲလုပ်မလာလို့မေးခြင်းဖြစ်သည်။ Yes ကိုပေးပြီး Next များကိုဆက်တိုက်နှိပ်ပြီး Setting ချပါ။တစ်ခုသတိထားရမှာက ဘာမှမ ပြောင်းပဲ Next ဆို Next Agree ဆို Agree ဆက်တိုက်နှိပ်သွားပါ။ ပြောင်းလိုက်ပါက သင်ခန်းစာမျက်နှာသွင်ပြင်ပြောင်းသွားမှာဖြစ်သည့် အတွက် မပြောင်းပဲ ဆက်လုပ်ပါလို့ တိုက်တွန်းအပ်ပါသည်။
4. Computer ---Pertation C --- Program Folder --- Java Folder --- Jdk 1.7.0-17 Folder ကိုတွေ့ရင် Java Install လုပ် ခြင်းအောင်မြင်ပြီဖြစ်ပါသည်။ ဆက်လက်ပြီး ကွန်ပျူတာတွင် Java အလုပ်လုပ်မလုပ်စမ်းသပ်ရန်အတွက်
5. Computer မှ Run Box ကိုခေါ်ပါ(Keyboard မှ Window Key နှင့် R ကိုတွဲနှိပ်ပါ) --- Box ကျလာမည် --- cmd လို့ရိုက်ထည့်လိုက်ပါ။--- Enter ခေါက်ပါ --- Commond prompt ပေါ်လာမည်(အမဲ ရောင်စကရင် box ဖြစ်သည်။) --- Javac လို့ ရိုက်ထည့်ပြီး Enter နှိပ် လိုက်ပါ။ဘာမှပေါ်လာမှမဟုတ်ပါဘူး။အဲဒါဘာဖြစ်တာလဲဆိုတော့ ကျွန် တော်တို့ Install လုပ်ထားတဲ့ Java ဖိုင်ကို ကွန်ပျူတာကမတွေ့သေး ဘူး။အဲဒီတော့ ကျွန်တော်တို့ Install လုပ်ထားတဲ့ Java ဖိုင်ကို ကွန်ပျူ တာနဲ့ သိအောင်မိတ်ဆက်ပေးရမှာဖြစ်ပါတယ်။(အင်မတန်အရေးကြီးပါ တယ်။ဒီအဆင့်က လမ်းညွှန်မှုမှားရင် ကျွန်တော်တို့ကွန်ပျူတာမှာ Java အလုပ်လုပ်မှာမဟုတ်ပါဘူး။တစ်ဆင့်ချင်းစီ ပြီးပြည့်စုံအောင်လိုက်လုပ် ဖို့လိုပါတယ်ခင်ဗျာ)
6. Start --- Computer --- Pertation C --- Program File Folder --- Java Folder --- Jdk 1.7.0-17 Folder --- bin Folder --- အဲဒီထဲကမှ အပေါ်ဆုံး application ကို Right Click နှိပ် ပါ။(ဘယ် application ကို Right Click နှိပ်နှိပ်ရပါသည်။) --- Property --- Property Box ကျလာမည်။--- အဲဒီထဲမှ ကျွန်တော် တို့က Location လိပ်စာကို Select လုပ်ပါမယ်။ တစ်ခုလုံးကို Select လုပ်ပါမယ်။ကျန်ခဲ့လို့မရပါဘူးခင်ဗျာ။ C ကနေစပြီးအဆုံးအထိပေါ့။ ပြီးရင် Copy ကူးပါမယ်။ Ctrl + C နှိပ်ပါ။ --- OK နှိပ်ပါ။
7. နောက်တစ်ဆင့်အနေနဲ့ Start --- Computer ကို Right Click နှိပ်ပါ။ --- Property --- advance system setting ကို နှိပ်ပြီး ခဏ စောင့်ပါက System Property ပေါ်လာမည်။ --- အဲဒီထဲကမှ Advance ခလုပ်လေးကိုနှိပ်ပါ။အပေါ်ဆုံးမှာပါ။ --- environment variable ဆိုတဲ့ ခလုပ်လေးကိုတွေ့ပါလိမ့်မယ် နှိပ်လိုက်ပါ။ Box တစ်ခု ကျလာမည် အဲဒီထဲကမှ New ဆိုတဲ့ခလုပ်လေးကိုနှိပ်ပါ။ New နှစ်ခုရှိပါ တယ် အပေါ် New ကိုပြောတာဖြစ်ပါတယ်ခင်ဗျာ။ box ကျလာမည်ဖြစ် ပါသည်။ variable name မှာ path လို့ရိုက်ထည့်ပါ။ variable value မှာ စောစောက ကော်ပီကူးလာတဲ့ link ကို paste လုပ်ပေးပါ။ ပြီးရင် Ok များကို တန်းစီနှိပ်ပေးပါ။
8. ကျွန်တော်တို့ ကွန်ပျူတာကို java နဲ့မိတ်ဆက်တာ အောင်မြင်/မ အောင်မြင် ပြန်စမ်းသပ်ပါ့မယ်။Computer မှ Run Box ကိုခေါ်ပါ(Keyboard မှ Window Key နှင့် R ကိုတွဲနှိပ်ပါ) --- Box ကျလာမည် --- cmd လို့ရိုက်ထည့်လိုက်ပါ။--- Enter ခေါက်ပါ --- Commond prompt ပေါ်လာမည်(အမဲ ရောင်စကရင် box ဖြစ်သည်။) --- Javac လို့ ရိုက်ထည့်ပြီး Enter နှိပ် လိုက်ပါ။ ခဏ စောင့်လိုက်ပါက java နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ပြပေးပါလိမ့်မယ်။အောင်မြင်ပြီဖြစ်ပါတယ်။
9. ဘာကြောင့်ခုဏကမပြပဲ အခုမှပြလဲဆိုပါက ခုဏက ကွန်ပျူတာသည် Java ၏ တည်နေရာကိုမသိသေးလို့ဖြစ်ပါတယ်။ကျွန်တော်တို့မိတ် ဆက်လမ်းညွှန်မှုဖြင့် Java တည်နေရာကိုသိသွားသော ကွန်ပျူတာ သည် Java နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဖော်ပြပေးခြင်း ဖြစ်ကြောင်း ပြောကြားရင်း သင်ခန်းစာ(၁)ကိုနိဂုံချုပ်အပ်ပါသည်ခင် ဗျား။ နောက်သင်ခန်းစာတွင် Java Program အသေးလေးအား ကိုယ် ကိုတိုင် ဖန်တီးကြည့်ပါ့မယ်။ပြီးရင် Run ကြည့်တဲ့သင်ခန်းစာကို ဆက် တင်ပြပါ့မယ်ခင်ဗျား။
ကျွန်တော်ရေးတဲ့သင်ခန်းစာကိုလုပ်ဆောင်ပါက cmd မှာတစ်ခုခုချန် ထားခဲ့ပါခင်ဗျာ။ဆက်ရေးသင့်မရေးသင့်ပေါ့။အဆင်မပြေရင်လည်း cb က နေတစ်ဆင့်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။နောက်ပိုင်းလေ့လာသူတွေ အရမ်း များပါက Game Development များအား အလျဉ်းသင့်သလိုဖော်ပြပေး သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်ခင်ဗျား။
လုပ်ချင်တာတွေကအရမ်းများနေတယ်။ ဘာလုပ်လို့လုပ်ရမှန်းကိုမ သိ ဘူးဖြစ်နေတယ်။ကျွန်တော်သင်ခန်းစာတွေ တင်တဲ့ရည်ရွယ်ချက်ကလည်း ဘာအထောက်အပံ့မှမရှိသလို ဘာမျှော်လင့်ချက်မှလဲမရှိပါဘူး။မြန်မာ လူ ငယ်တွေက social online ပေါ်မှာသာ စိတ်ဝင်စားပြီး နည်းပညာကို စိတ်မ ၀င်စားတတ်သေးတာရယ်၊နောက်ပြီး programmer တွေကိုကျတော့ အထင်ကြီးချင်စိတ်မရှိပဲ။Facebook report ထုတတ်ရင် Facebook ကို ကျွမ်းကျင်စွာအသုံးပြုတဲ့နည်းလေးတွေတင်ရင် အထင်ကြီးတတ်ကြတာ တွေရယ်ကို စိတ်မကောင်းစွာနဲ့တွေ့နေရပါတယ်။ကျွန်တော် HTML သင်ခန်းစာကို အပိုင်း(15)ပိုင်းရေးခဲ့တယ်။ အပိုင်း(၁၁)အထိပဲ တင်ဖြစ်တယ်။ စိတ်ဝင်စားသူမရှိလို့ ရပ်လိုက်ရတယ်။CSS သင်ခန်းစာ ကိုဆက်တင်တယ်။အပိုင်း(၁၁)ပိုင်းရေးခဲ့တယ်။အပိုင်း(၂)အထိပဲ ပြီးသေး တယ်။စိတ်ဝင်စားတဲ့သူမရှိလို့ ရပ်လိုက်ရတယ်။ ကျွန်တော်ရေးထားတဲ့ Hardware အကြောင်းတွေ ကွန်ပျူတာ တည်ဆောက်ပုံ အကြောင်းတွေ ကိုတောင် မတင်ရဲတော့ဘူးဖြစ်နေတယ်။ ပြောချင်တာက အပြင် မှာလုပ်စားလို့ရတဲ့ပညာတွေကိုသာ လေ့လာပါ။ အွန်လိုင်းမှာ အချိန်တွေ အလဟသမဖြစ်ပါစေနဲ့။ ခင်ဗျားတို့ အချိန်တွေကို တန်ဖိုးထားပါ။ကြိုးစား ပါ။မြန်မာလူမျိုးတွေ မညံ့ကြောင်း ခင်ဗျားတို့ကိုယ်တိုင်သက်သေပြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား။
၎င်းသင်ခန်းစာလေးဖြင့် ကျွန်တော့အား အွန်လိုင်းမှပညာသင်ကြား ပေးသော မန္တလေးမှ ဆရာသမားအား ကန်တော့အပ်ပါသည်ခင်ဗျား
လေးစားစွာဖြင့်
အမုန်းရိပ်
(မှတ်ချက် ။ --- အဓိပါယ်မှာ ၄င်းထဲသို့ဝင်ပါ သို့မဟုတ် ၄င်း file သို့ Fol der အား ဖွင့်ပါဟု အဓိပါယ်ကိုဆိုလိုခြင်းဖြစ်ပါသည်ခင်ဗျား)
၎င်း java သင်ခန်းစာများအားလက်တွေ့သင်ကြားလိုပါက ရန်ကုန်မြို့၊ မြေနီကုန်းနှင့် လှည်းတန်းရှိ MNG Computer Training Center သို့တက်ရောက်သင် ကြားနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ပို့စ်ရေးသူ - အမုန်းရိပ်

2:37 PM
in 