iOS ဆော့ဖ်ဝဲအသစ်ကို မကြာခင်သင့် iPhone နဲ့ iPad တွေမှာသုံးနိုင်တော့မှာပါ။ အခုထွက်လာမယ့် iOS 9.3 မှာအခုလောလောဆယ် သိသာထင်ရှားတဲ့လုပ်ဆောင်ချက်အနေနဲ့ ကတော့ ၇ချက်လောက် ထပ်တိုးလာတာကိုပါတွေ့ရမှာပါ၊ ဒါကြောင့်အခု iOS 9.3 ရဲ့လုပ်ဆောင်ချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
၁) iPad နဲ့ အချိန်ကြာကြာနေနိုင်လာ
တကယ်လို့သင့်အနေနဲ့ ဖုန်းကထွက်တဲ့အလင်းရောင်တွေ အလုပ်လုပ်တဲ့လုပ်ဆောင်ချက်တွေကြောင့် အိပ်ပျော်ဖို့အတော်လေးကိုခက်ခဲနေတာကို ကြုံဖူးကြမှာပါ။ Apple ကသင့်ကို ညပိုင်းကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့အတွက် Night Shift ဆိုတဲ့ Feature အသစ်တစ်ခုနဲ့ ကူညီပေးတော့မှာပါ။ ဒီလုပ်ဆောင်ချက်ကြောင့် သင့်အနေနဲ့ သင့်ဖုန်းက မျက်နှာပြင်အလင်းရောင်နဲ့ အရောင်တွေကို ညပိုင်းမှာ ပြောင်းလဲထားနိုင်မှာဖြစ်ပါတယ်။
LED မျက်နှာပြင်က ထွက်လာတဲ့ အပြာရောင်အလင်းတွေဟာ ကျွန်ုပ်တို့ဦးနှောက်ကို အိပ်ဖို့ပြောပြပေးတဲ့ (အိပ်ချင်စိတ်ဖြစ်ပေါ်စေတဲ့) ဟော်မုန်းတွေထုတ်လွှတ်မှုကို တားဆီးတဲ့ Melatonin ကိုထုတ်လွှတ်တယ်လို့ သုတေသနပညာရှင်တွေက ယုံကြည်ကြပါတယ်။ အဲ့ဒီလို အပြာနဲ့ အဖြူရောင်အလင်းတွေကို ထုတ်လွှတ်မယ့် အစား မျက်စိအေးပြီး သင့်ကိုနှစ်ခြိုက်စွာအိပ်ပျော်စေမယ့် အနီရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်တို့လို နွေးထွေးတဲ့အရောင်လေး တွေလွှတ်ပေးမှာပါ။
Flux နဲ့ Twilight တို့လို Apps တွေက ကွန်ပျူတာနဲ့ Android ဖုန်းတွေအတွက် ဒီလို Function မျိုးက ရပြီးသားပါ။ iOS 9.3 မတိုင်ခင်က မျက်နှာပြင်အရောင်ကိုပြောင်းလဲဖို့အတွက် သင့်အနေနဲ့ သင့် iOS ကို Jailbreak လုပ်ဖို့လိုမှာဖြစ်ပါတယ်။ Night Shift ကတော့သင့် i Devices ကို အလွယ်တကူ အရောင်ပြောင်းနိုင်မှာဖြစ်ပါတယ်။
၂) သတင်းတွေကို အကောင်းဆုံးဖတ်နိုင်
Apple ကသင့်ကို သတင်းတွေအားလုံးကို တစ်နေရာထဲမှာ အကောင်းဆုံးဖတ်နိုင်တဲ့ News App ကိုချပြခဲ့ပါတယ်။ အခုတော့ သင့်အနေနဲ့ ပိုပြီး ပုဂ္ဂိုလ်ရေးဆန်ဆန်နဲ့ သင်ပိုပြီးစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို အံဝင်ခွင်ကျ ရရှိနိုင်အောင် iOS 9.3 ကကူညီတော့မှာပါ။ သင့်အနေနဲ့ ဘယ်လိုအကြောင်းအရာ ကိုပိုပြီးစိတ်ဝင်စားမယ် လို့ထင်တဲ့ဟာကို App ကပိုပြပေးမှာဖြစ်ပါတယ်။
၃) မှတ်စု(Notes) တွေကို Lock လုပ်နိုင်ခြင်း
9.3 မှာတော့ သင့်ရဲ့မှတ်စု(Notes) တွေပိုပြီးလုံခြုံလာမှာပါ။ အခုတော့ သင့်ရဲ့ မှတ်စုတွေကို Password နဲ့ကာကွယ်ထားနိုင်ပြီး Notes တွေကို နေ့ရက်၊ ခေါင်းစဉ်အလိုက်လည်း စီထားနိုင်မှာဖြစ်ပါတယ်။
၎) ကျန်းမာရေးApp ကိုပိုပြီးသုံးစေလို
ကျန်းမာရေး App ကိုမသုံးသေးဘူးလား၊ Apple ကတော့သင့်ကျန်းမာရေးကိုပိုအလေးပေးထားပါတယ်။ ကျန်းမာရေးApp ကိုပိုသုံးစေချင်တဲ့သဘောအနေနဲ့ ဒီ App ကို Third-Party App တစ်ခုအဖြစ် သင့်ရဲ့ ကျန်းမာရေးအတွက် အလေးချိန်၊ အိပ်ချိန်စတာတွေကို တိုင်းတာနိုင်မှာပါ။ တကယ်လို့သင့်မှာ Apple Watch တစ်လုံးလောက်ရှိနေမယ်ဆိုရင် သင့်အနေနဲ့ Health App ကနေစုဆောင်းထားမယ့် သင့်လှုပ်ရှားမှု အချက်အလက်တွေကို အလွယ်တကူပဲ တွေ့မြင်ရမှာပါ။
၅) CarPlay ပိုအဆင့်မြှင့်လာ
Apple က ကားအတွင်းပိုင်းဖျော်ဖြေရေးစနစ် ဖြစ်တဲ့ CarPlay ကို Apple Music နဲ့ Maps အပါအ၀င်အဆင့်မြှင့်ထားပြီး လမ်းပေါ်ရောက်နေချိန်ဆို အသစ်လုပ်ထားတဲ့ Nearby Feature ကလည်း Maps ကိုအသုံးပြုပြီး စားသောက်ဆိုင်၊ ဆီဆိုင်အပါအ၀င် အခြားဝန်ဆောင်မှုတွေကိုလည်း ရှာဖွေနိုင်မှာဖြစ်ပါတယ်။
၆) ဆရာ၊ဆရာမတွေအတွက် Smart Tools များ
iPads တွေမှာ ဆရာ၊ဆရာမတွေအတွက် မယုံနိုင်စရာကောင်းလောက်အောင် သင်ကြားရေး Tools တွေနဲ့ အပို Features တွေက သင့်ကို စာသင်ခန်းမှာ များစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ The Classroom App က ဆရာ၊ဆရာမတွေကို သင်ခန်းစာအစီအစဉ်တွေနဲ့ ကျောင်းသားတွေရဲ့တိုးတက်မှုတွေအားလုံးကို မှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။
၇) အားလုံးလိုလို
iOS9.3 ဟာများစွာသော Features သေးသေးမွှားမွှားလေးတွေလည်း အများကြီးထည့်ထားပေးပါသေးတယ်။ iPhone6S နဲ့ 6S Plus မှာဆိုရင် Weather, Settings, Health, App Store, iTunes Store နဲ့ Compass စတဲ့ App တွေကို အသစ်ထည့်ထားတဲ့ 3D Touch Shortcuts တွေအနေနဲ့ လည်းထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Photos App ထဲမှာ သင့်အနေနဲ့ ဓာတ်ပုံတွေကို မိတ္တူကူးလို့ရမှာဖြစ်သလို၊ တကယ်လို့ သင့်အနေနဲ့ ကော်ပီကို Edit လုပ်ပြီး Original ကိုသိမ်းနိုင်မှာလဲ ဖြစ်ပါတယ်။ Siri ကလည်းယခုအခါ၊ Hebrew, Finish နဲ့ Malay ဘာသာစကားတွေနဲ့ပါရနိုင်တော့မှာဖြစ်ပါတယ်။
Credit – Digital Time
အောင်မြင့်မြတ်(Myanmar Youths)
11:02 PM
by Myanmar Youths Technology Group