မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Wednesday, February 17, 2016

  ကွန်ပျူတာတွင် အခြေခံအားဖြင့် နှစ်မျိုးခွဲခြားထားသည် ၄င်းတို့မှာ  hardware and software တို့ဖြစ်သည်။ ၄င်းနှစ်မျိုးအား ဘယ်လိုခွဲသနည်းဟူမူ  ထိတွေ့ကိုင်တွယ်လို့ရသော ပစ္စည်းမှန်သမျှကို hardware ဟုခေါ်ပြီး  ထိတွေ့ကိုင်တွယ်လို့မရသော အရာဝတ္ထုများကို Software လို့ခေါ်ပါတယ်ခင်ဗျာ
၎င်းတို့နှစ်မျိုးအလုပ်လုပ်သည့်ပုံစံသည် လူတစ် ယောက်နှင့်တူသည်။
လူတွင် နာမ်နှင့်ရုပ်ရှိသကဲ့သို့ Computer တွင်လည်း hardware  and software ဟူပြီး နှစ်မျိုးရှိ သည်။ အံ့သြစရာအင်မတန်ကောင်းသော အချက်မှာ  ယခု ကျွန်တော်တို့အသုံးပြုနေသော ကွန်ပျူတာများသည် မြတ်စွာဘုရားတရားတော်၏  တစ်စိတ်တစ်ပိုင်းပုံစံအတိုင်းအလုပ်လုပ်နေခြင်းဖြစ်သည်မှာ  အင်မတန်အံ့သြစရာကောင်းသော အချက်ဖြစ်သည်။
  နောက်ထပ်တစ်ချက်အံ့သြစရာကောင်းသည်မှာ ကွန်ပျူတာသည် လူတစ်ဦး၏  တည်ဆောက်ပုံအတိုင်း အလုပ်လုပ်နေသလို စင်္ကြာဝဠာကြီး၏ အခြေခံအတွေးအခေါ်တည်  ဆောက်မှုဂဏန်းဖြစ် သော 0,1 နှစ်လုံးတည်းဖြင့်သာအလုပ်လုပ် ကြောင်းကို  တင်ပြလိုက်ရပါသည်။







ပို့စ်ရေးသူ - အမုန်းရိပ်