မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Sunday, February 21, 2016















ပထမဆုံးအနေနဲ့ ဖုန်းအားလုံးကိုအခုပြပေးတဲ့နည်းနဲ့မရနိုင်ဘူးဆိုတာကိုနားလည်ပေးဖို့ပြောချင်ပါတယ် ...
ဒုတိယအနေနဲ့ပြောချင်တာကတော့ ဒီပို့စ်ဟာဖုန်းကလိတာဝါသနာပါတဲ့ ညီအစ်ကိုမောင်နှမတွေအတွက်နဲ့မိုဘိုင်းဖုန်းပြုပြင်ခြင်းနည်းပညာကိုပြင်ပကနေလေ့လောနေရတဲ့သူငယ်ချင်းတွေအတွက်လက်တည့်စမ်းလို့ရအောင်တင်ပေးတာပဲဖြစ်ပါတယ် ...

Root လုပ်တာဆိုတာ ဘာလဲ ? ဘာကြောင့် Android ကို root လုပ်ရတာလဲ ? လို့သိထားဖို့လိုမယ်လို့လည်း ထင်ပါတယ် . တော်တော်များများကတော့သိပြီးသားဖြစ်မှာပါ . မသိသေးတဲ့သူတွေအနေနဲ့ကတော့
ဒီနေရာမှာ ဝင်ရောက်ပြီးလေ့လာဖတ်ရှုနိုင်ပါတယ် .


အဲဒါတွေသိပြီးရင်တော့ ...
ပထမဆုံးအနေနဲ့ Root ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ KingRoot.Apk( version 4.8.0 ) ကိုဒေါင်းလုတ်ရယူလိုက်ပါ ...

KingRoot.apk 4.8.0 DOWNLOAD


Root လုပ်ပြီးတဲ့အခါအောင်မြင်မှုရှိမရှိစမ်းသပ်ဖို့အတွက် Root Checker Basic.apk  ကိုဒေါင်းလုတ်ရယူပါ

Root Checker Basic.apk DOWNLOAD



အားလုံးပြီးရင်တော့ ပုံတွေကို Save ယူပြီးတော့
ကိုယ်တိုင်စမ်းသပ်ပြီးလုပ်ကြည့်လို့ရပါပြီ
ကျွန်တော်ကတော့ HUAWEI - C8816 အမျိုးအစားကိုစမ်းသပ်ပြပေးထားပါတယ် ..
Root ဖောက်မယ့်အချိန်မှာဖုန်းကို အင်တာနက်ဖွင်းပေးထားရမှာပါနော်

ကျွန်တော်အခုလိုနည်းပညာအခြေခံပို့စ်လေးတွေတင်တဲ့အခါ နည်းပညာGroup တွေဆီကို Share ပေးပါတယ် .,. Group တွေထဲက ညီအစ်ကိုများအနေနဲ့လည်းကျွန်တော်တင်သမျှပို့စ်လေးတွေကို လွပ်လပ်စွာနဲ့ထပ်ဆင့် Share နိုင်ပါတယ် save ထားပြီးတော့လည်းပြန်တင်ပေးနိုင်ပါတယ် .. Credit လည်းပေးစရာမလိုပါဘူး ...အဲလိုပြန်တင်တဲ့အခါမှာလည်း ကျွန်တော့်နံမည်ဖြုတ်ပြီးတင်လို့ရပါတယ် ...
အဓိက,ကတော့တကယ်လိုအပ်သူတွေလက်ထဲရောက်သွားဖို့ပါပဲ ....


MYANMAR IT FAMILY ဆိုတဲ့ကျွန်တော်တို့ရဲ့ နည်းပညာ Group လေးမှာလည်းမိတ်ဆွေတို့ရဲ့နည်းပညာဆိုင်ရာအခက်အခဲအသေးအဖွဲလေးတွေကိုလာရောက်ပြီးအကူအညီတောင်းနိုင်သလို၊မိတ်ဆွေတို့မှာရှိတဲ့ နည်းပညာလေးတွေကိုလည်းလာရောက်ပြီးကူညီမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်.
MYANMAR IT FAMILY  Group မှာ Member ဝင်မယ်ဆိုရင်အောက်ကလင့်ကိုနှိပ်ပါ
https://www.facebook.com/groups/998120770259411/



                    

ကျွန်တော့်မှာရှိတဲ့နည်းပညာဟာညံ့ဖျင်းသည်ဖြစ်စေ၊ကောင်းမွန်သည်ပဲဖြစ်စေကျွန်တော့်မှာရှိတဲ့နည်းပညာဟာခင်ဗျားတို့ရဲ့နည်းပညာပါပဲ

နည်းပညာမျှဝေနေသူများနဲ့လေ့လာနေသူများအားလုံးကိုအစဉ်လေးစားလျှက် .....








ဇော်မျိုးထက်
www.mmitfamily.com