Credit==>သက်ဆိုင်သူ
Google ကုမ္ပဏီသည် Ford ကား ထုတ်လုပ်ရေး ကုမ္ပဏီနှင့် လက်တွဲကာ မောင်းသူမဲ့ကားများ ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟု yahoo သတင်းဌာနမှ ဖော်ပြသည်။
Google သည် ကိုယ်ပိုင်နည်းပညာဖြင့် မောင်းသူမဲ့ ကားထုတ်လုပ်နိုင်ရန် ကြိုးစားလျက် ရှိပြီး လာမည့်နှစ် အတွင်း ဈေးကွက်တင်ရန် ရည်မှန်းထားသည်။ သို့သော် Google မှ စမ်းသပ်နေသည့် မောင်းသူမဲ့ကားတွင် Start နှင့် Stop ခလုတ်နှစ်ခုသာ ပါရှိသည့်အပြင် မော်တော်ယာဉ် တစ်စီးတွင် ပါရှိလေ့ရှိသော စတီယာရင်၊ ဂီယာ၊ လီဗာနှင့် ဘရိတ်များ မပါခြင်းကြောင့် အများပြည်သူ အသုံးပြုသော လမ်းများပေါ်၌ လက်တွေ့ စမ်းသပ် မောင်းနှင်ခွင့်နှင့် အသုံးပြုခွင့် ပေးရန် ဥပဒေများ အရ မလွယ်ကူသောကြောင့် အခက်အခဲများ ကြုံတွေ့နေရသည်။ Google မှ တာဝန်ရှိသူ များသည် ပြီးခဲ့သည့် လပိုင်းများအတွင်း ကမ္ဘာ့ အင်အားကြီး ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Ford မှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် Google သည် မောင်းသူမဲ့ကား အမျိုးအစား များကို Ford နှင့် လက်တွဲ ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သုံးသပ်နေခြင်း ဖြစ်သည်။ ကမ္ဘာကျော် ကားကုမ္ပဏီများသည် အလိုအလျောက် မောင်းနှင်စနစ် ပါဝင်သော မောင်းသူမဲ့ ကားများကို ဈေးကွက် တင်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိ သည့်အပြင် Apple ကဲ့သို့ ထိပ်တန်း နည်းပညာ ကုမ္ပဏီများကလည်း ကိုယ်ပိုင်နည်းပညာဖြင့် တည်ဆောက်ထားသော မောင်းသူမဲ့ ကားများကို အမြန်ဆုံး ထုတ်လုပ်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်
Posted via Blogaway
Tuesday, January 5, 2016
11:11 PM
in knowledges by ပဲခူးသားလေး ကျွန်တော်
