``မင်္ဂလာပါ´´
Android user တွေအနေနဲ့ မိမိတို့ဖုန်းကို ဆေးချင်လို့ပဲဖြစ်ဖြစ် သုံးတာကြာလာလို့ ဖုန်းဟန်းလာလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် Factory data reset ချတက်ကြပါတယ်..
Reset ချ ပြီဆိုတာနဲ့ ဖုန်းထဲသွင်းထားသော Software များ ဖုန်းရဲ့အချက်အလက်များအားလုံးပျက်ပြီး စက်ရုံထုတ်အတိုင်းဖြစ်သွားတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်...ဒီလိုအခါမျိုးမှာ ပျက်သွားတဲ့ Software တွေပြန်ထည့်လို့ရတယ်ဆိုပေမယ့် data အချက်အလက်တွေတော့ပြန်မရတော့ပါဘူး...ဒါကြောင့် Reset မချခင်မှာ မိမိတို့ရဲ့ data တွေကို Backup လုပ်ဖို့လိုပါတယ်...ဒါမှ reset လုပ်ပြီးတဲ့အခါ restore ပြန်လုပ်ရုံနဲ့ မိမိတို့ရဲ့ data တွေပြန်ရမှာပါ....
ကျနော်ဆိုရင် Viber မှာ Sticker တွေဆွဲပါတယ် Animated Sticker တွေထိဆွဲပါတယ်..Reset လည်းချရောကုန်ရောလေ..Viber ပြန်လျှောက်လို့ရပေမယ့် Sticker တွေပြန်မရတော့ပါဘူး..အခု ဒီကောင်လေးသုံးမှ အဆင်ပြေသွားတာပါ..ဒီကောင်လေးက Facebook,Viber data နဲ့ပြန်ရပါတယ် restore လုပ်ရုံနဲ့ Facebook,Viber ပြန်လျှောက်စရာမလိုပဲ Backup လုပ်ထားတဲ့အတိုင်းပြန်ရပါတယ်..Game ဆိုရင်လည်း ဆော့ထားတဲ့အခန်းတိုင်းပြန်ရပါတယ် (Data Game တွေတော့မရပါ) အရေးကြီးတာက Reset မလုပ်ခင် Backup လုပ်ဖို့ပါ..ဘာလို့လဲဆိုတော့ ဒီကောင်လေးက Backup လုပ်တဲ့နေရာထိပဲပြန်ရပါတယ်..နောက်ပိုင်းဟာတွေ ပြန်မရပါဘူး...ရှင်းအောင်ပြောရရင် မနေ့က Backup လုပ်ရင် မနေ့က data အတိုင်းပြန်ရပါတယ် ဒီနေ့အတွက်မပါပါ...ဒီနေ့ data နဲ့လိုချင် ဒီနေ့ Backup လုပ်ပါ..ပြီးမှ Reset ချပါ..(ချချင်ရင်ပြောတာပါ) ...လေကြောရှည်သွားပြီ...:-P :-P :-P
သြော်..ပြောဖို့ကျန်သွားတယ်...App only, app+data,data only ကြိုက်သလို ဥာဏ်ရှိသလိုသာသုံးကြပါ....ကျနော်ကြိုက်လို့သုံးနေတဲ့ Titanium Backup v7.3.0.apk လေးပါ..File size ကလည်း 7.332Mb ပဲရှိပါတယ်..Root access ရှိပြီးသားဖုန်းတွေမှာ အဆင်ပြေစွာသုံးနိုင်ပါတယ်...အသုံးပြုချင်သူများအောက်မှာ ဒေါင်းယူသွားကြပါခင်ဗျာ....
~~~~~~အဆင်ပြေကြပါစေ~~~~~~
Download အဆင်မပြေပါက မန့်ခဲ့နိုင်ပါတယ်ခင်ဗျာ...