မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Tuesday, December 22, 2015

မဂၤလာပါ
ကျွန်တော် အခုပြောပြမှာက နေ့လည်က ဆိုင်မှာ ဈေးဝယ်တစ်ယောက် ဖုန်း Setting ထဲ ဝင်ကလိပြီး အပေါ်ဘားတန်းမှာ စာသားတွေတတ်လာ ဖုန်းမှန်ပြင် တို့ထိရင် လိုင်းအစင်းတွေ ထလာတာ ကလိတုန်းက ကလိပြီး မရတော့ ဆိုင်လာတာပေါ့ အခု သူငယ်ချင်းတို့လည်း ကြုံဖူးလား မသိဘူး မသိသေးသူများအတွက်ပါ သိပြီးသူများအတွက်တော့ ဟာသပေါ့
- အမှန်က Pointer Location မှာ အမှန်ခြစ်မိသွားတာပါ
- Pointer Location က သူငယ်ချင်းတို့ ဖုန်းတွေ Touch ထိရတာ ကြောင်နေရင် Touch ကောင်း မကောင်း စစ်နိုင်ပါတယ်
- Pointer Location ကို သွားချင်ရင်
- အရင်ဆုံး ဖုန်း Setting ထဲ ဝင်ပါ
- အောက်ဆုံးက About Phone ကို နှိပ်ပါ
- အဲဒီမှာ Build number ကို ( ၇ ) ချက် ခေါက်ပါ
- Back နဲ့ တစ်ချက် ပြန်ထွက်ပါ
- ပြီးရင် Developer Option ထဲ ဝင်ပါ
( မှတ်ချက် - ဒီနေရာမှာ တစ်ချို့သော ဖုန်းတွေက ဖုန်း Setting ကနေ App ထဲက Developer Option ကို သွားပါတယ် )
- Developer Option ထဲ ရောက်ရင် Pointer Location ကို အမှန်ခြစ်ပြပါ
- ပြီးရင် ဖုန်းရဲ့ မှန်ပြင် နေရာအနှံ့ လျှေုာက်ဆွဲပါ လိုင်းအစင်းကြောင်းလေး နောက်က ပါလာပါမယ်
- အကယ်၍ ပြတ်ကျန်နေပါက အဲဒီနေရာသည် Touch ကြောင်နေသည်ဟု ယူဆရသည်
- ဒါလေးက မှန်ပြင် Touch ထိရ မရစစ်ဆေးတာပါ
- တကယ်လို့ သူငယ်ချင်းတို့က ဖုန်း Setting ထဲ မှားယွင်းကာ Pointer Location ကို အမှန်ခြစ်ပြခဲပါက အပေါ်ဘားတန်းမှာ စာသားတွေ ပေါ်နေပါမယ်
- စာသားတွေ ဖျောက်ချင်ရင်တော့ အပေါ်မှာ ပြုလုပ်ခဲ့တဲ့ အတိုင်း Pointer Location မှာ အမှန်ခြစ်ဖြုတ်လိုက်ပါ အဆင်ပြေပါလိမ့်မယ်
- အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ်