မင်္ဂလာပါ
ကျွန်တော်တို့ ဖုန်းတွေမှာ မန်မိုရီ kb / MB/ GB ဆိုတာ သတိထားမိလား မသိဘူး ဖုန်းနဲ့ ဓါတ်ပုံရိုက်တဲ့ အခါ မန်မိုရီက kb လောက်ပဲ ရှိတယ်၊ သီချင်း / Video / Application တွေဆိုရင် မန်မိုရီက MB လောက် ရှိတာတွေ့ဖူးမှာပါ မန်မိုရီကဒ် ဝယ်ယူတဲ့ ကဒ် ဝယ်ယူတဲ့ အခါမှာလည်း 2GB / 4GB / 8GB / 16GB / 32GB / 64GB ရှိကြတယ် ဒါကတော့ ဖုန်းရဲ့ မန်မိုရီ ကဒ် ထည့်သွင်းနိုင်တဲ့ ကဒ် ဝယ်ထည့်ယုံပေါ့
မန်မိုရီကဒ်တွေမှာ -
Kilobyte ( KB )
Megabyte ( MB )
Gigabyte ( GB )
Terabyte ( TB ) စသဖြင့် ရှိကြတယ်
* * * * * * *
Kilobyte ( KB )
Kilobyte ( kb ) ဆိုတာ မိမိသိမ်းဆည်းလိုက်တဲ့ အချက်အလက်က Size ဘယ်လောက်လဲဆိုတာ တိုင်းတာတဲ့စနစ်ပါ.. ကိုယ်သိမ်းဆည်းလိုက်တဲ့ စာက ဘယ်လောက် KB ရှိတယ်၊ သီချင်းက ဘယ်လောက် MB ရှိတယ်၊ ဓါတ်ပုံက ဘယ်လောက် MB ရှိတယ်ဆိုတာ ပြောတတ်ဖို့ လိုပါတယ်… တွက်တတ်ဖို့  လိုပါတယ်… သူငယ်ချင်းတို့ရဲ့ ဖုန်း မန်မိုရီ က ဘယ်လောက် GB ရှိတယ်ဆိုတာ ပြောနိုင်ဖို့  လိုပါတယ်
1 Kilobyte = 1,024 Bytes နီးပါးခန့်လောက် ရှိပါတယ်
Kilobyte ကို Megabyte ဖွဲ့မယ်ဆိုရင်
1000 Kilobyte ကို - 1MB ( Megabyte )
Megabyte ကို Gigabyte ဖွဲ့မယ်ဆိုရင်
1000 Megabyte ကို - 1GB ( Gigabyte )
Gigabyte ကို Terabyte ဖွဲ့မယ်ဆိုရင်
1000 Gigabyte ကို - 1TB ရှိတယ်
( ဒါက ခန့်မှန်းချေနဲ့ တွက်ချက်ခြင်းပါ တိတိကျကျဆိုရင်တော့ 1000 တွေရဲ့ အနောက်မှာ အစွန်းထွက် ဂဏန်းတွေ ပါပါတယ် )
* * * * * * * *
Megabyte (MB)
Megabyte ( MB ) ကို Byte နဲ့ ပြမယ်ဆိုရင်
1MB ကို - 1,048,576 Byte ရှိပါတယ်
* * * * * * * *
Gigabyte ( GB )
Gigabyte ကို Byte နဲ့ ပြမယ်ဆိုရင်
1GB ကို - 1,073,741,824 Byte ရှိပါတယ်
* * * * * * * *
Terabyte (TB)
Terabyte ကို Byte နဲ့ ပြမယ်ဆိုရင်
1TB ကို - 1,099,511,627,776 Byte ရှိပါတယ်
* * * * * * * *
မန်မိုရီ ရေတွက်ပုံတွေက နှစ်ဆဖြစ်ပါတယ်
- 2 GB
- 4 GB
- 8 GB
- 16 GB
- 32 GB
- 64 GB
- 128 GB
- 256 GB
- 512 GB
- 1024 GB - 1TB ပေါ့
- 4 GB
- 8 GB
- 16 GB
- 32 GB
- 64 GB
- 128 GB
- 256 GB
- 512 GB
- 1024 GB - 1TB ပေါ့
* * * * * * * *
( ဒါတွေက ကျွန်တော် သိသလောက်ပါ ကွန်ပျူတာ သင်တန်းတတ်စဉ်က ဆရာရှင်းပြခဲ့တာလေးတွေနဲ့ အွန်လိုင်းစာမျက်နှာက ဆရာသမားတွေ ပို့စ်များ ကိုးကားရေးသားထားခြင်း ဖြစ်ပါသည် အမှားပါက စေတနာအမှား ဖြစ်လို့ နားလည်ပေးပါ )
မှတ်ချက် - ဒီပို့စ်လေးသည် ကျွန်တော့်ချစ်သူကောင်မလေး ၁၈ နှစ်ပြည့် မွေးနေ့ အမှတ်တရ လက်ဆောင်ဖြစ်ပါသည် ချစ်ရသူ ကောင်မလေး ၁၈ နှစ်ပြည့် မွေးနေ့ မှ စ နောင်နှစ်ပေါင်းများစွာ ထာဝရပျော်ရွှင်နိုင်ပါစေ
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး ( နည်းပညာ )
ကျောက်ဆည်သားလေး ( နည်းပညာ )