Battery အဝင်ပတ်လမ်းပေါ်တွင် filter capacitor လေးများသည် ၂ လုံးမှ ၄ လုံးခန့်အထိတွေ့နိုင်သည်။ Capacitor များသည်ဗို့အားနှင့်အပူကြောင့် ပျက်စီးပြီးပတ်လမ်းကိုရှော့ဖြစ်စေပါသည်။ ပတ်လမ်းတလျှောက်ဗို့လိုင်းအဝင်ပိုင်းရှိ capacitor တလုံးလုံး ရှော့ဖြစ်နေလျှင်ပတ်လမ်းတခုလုံးရှော့ပြနေပြီး ပါဝါမတက်နိုင်တော့ပါ။ Capacitor များရှော့ဖြစ်လျှင်အဝင်လမ်းအထွက်လမ်းပေါ်မူတည်ပြီးရှော့ရှာနည်းကွဲပြားသည်။ Multi Meter ကို x1 တွင်ထားပြီးမီတာတံဖြင့် capacitor ထိပ်၂ဖက်ကိုအပြန်အလှန်တိုင်းကြည့်ပါ ။လုံးဝမပြလျှင်ကောင်းပြီးမြှားပြပါက capacitor ရှော့ဖြစ်နေသည်။တခါတရံမှာ capacitor များသည် ရှော့ဖြစ်လက္ခဏာမရှိပဲ leak ယိုစီးသောပြစ်ချက်ရှိတတ်သည်။ power ပိုင်းရှိ capacitor များယိုစီးလျှင် battery အားကုန်မြန်ပြီးဖုန်းပူတတ်သည်။ Capacitor တိုင်းလျှင်ဖြုတ်တိုင်းမှသာအတိအကျသိနိုင်သည်။Capacitor များဖြုတ်ပြီးလျှင်ပြန်လည်အစားထိုးတပ်ပေးသင့်သည်။
အမှားပါလျှင်ဆရာများမှခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ။
Silent
Saturday, December 19, 2015
